real life -(final)

2.1K 72 0
                                    

<Unicode>
လမင်းနွယ်မနက်နိုးလာတော့ မျက်လုံးမဖွင့်သေးဘဲ အိပ်ယာ‌ဘေးမှာနေခြည်ပိုင် ရှိမရှိအရင်စမ်းကြည့်လိုက်သည်။အိပ်ယာက အေးစက်နေတာကြောင့် အလန့်တကြားထထိုင်ပြီး

"နေခြည်ပိုင် နေခြည်ပိုင်ရေ !!! ~~ဘာလို့မထူးတာလဲ~~"

လမင်းနွယ်လည်း ခေါင်းကုတ်ပြီး ငုံ့လိုက်တော့ ဝတ်ထားတဲ့အဝတ်အစားတွေကြောင့် အံဩသွားသည်။

"ဟင် ငါ့အဝတ်အစားတွေ လွန်းမေလင်း ဘဝကိုပြန်ရောက်လာတာလား ဟင်း နေခြည်ပိုင် ရော ပြန်ရောက်ပြီလားမသိဘူး ခနလေး ဝတ္ထုက ဘယ်လိုအဆုံးသတ်သွားလဲကြည့်လိုက်အုံးမယ်"

ဆိုပြီး ဖုန်းရှာကာ Wattpad ထဲဝင်ပြီး ချစ်သည် ဆိုတဲ့ ဝတ္ထုရဲ့ဇာတ်သိမ်းပိုင်းကိုသွားကြည့်လိုက်သည်။

"နေခြည်ပိုင်နဲ့လမင်းနွယ်က ကလေးနှစ်ယောက်မွေးပြီး အတူတူပျော်ရွှင်စွာနေထိုင်သွားကြသည် တဲ့ အောက်ဆုံးမှာလည်း စာတစ်ကြောင်းကျန်သေးတာဘဲ ဘာတဲ့ အရာအားလုံးအတွက်ကျေးဇူးတင်ပါတယ် လွန်းမေလင်းနဲ့ တည်..... ဟမ် စာကဘယ်ပျောက်သွားတာလဲ ငါဘဲမျက်စိမှားတာလား ဟူးထားပါတော့လေ ညားရင်ပြီးတာဘဲ"

လွန်းမေလင်းလည်း မျက်နှာသစ် သွားတိုက်ပြီး all black ဝတ်ဆင်ကာ ဆံပင်ကိုလည်း ခပ်မြင့်မြင့်စည်းလိုက်သည်။ခါးမှာလည်း သေနတ် တစ်လက်ကို ချိတ်ထားပြီး အောက်ထပ်က ထမင်းစားခန်းဆီဆင်းလာလိုက်သည်။

သူဆင်းလာတာတွေ့တော့ အိမ်တော်ထိန်း က စားစရာတွေအဆင်သင့်ပြင်ပေးရင်း စကားပြောလာသည်။

"ညက ကောင်းကောင်းအိပ်ပျော်လား ‌သမီးလွန်း"

"ဟုအိပ်ပျော်ပါတယ် ဘွားရော စားပြီးပြီလား တစ်ခါထဲဝင်စားလိုက်လေ"

"ခနနေမှ စားလိုက်မယ် သမီးလွန်းအရင်စား ခနနေ ပစ္စည်းတွေသွားပို့တော့မှာမလား"

"ဟုတယ်အဘွားရေ ဒီနေ့ တည်ငြိမ်အေးဆိုတဲ့လူ မနှောက်ယှက်ရင် အရမ်းကောင်းမှာဘဲ"

"နှောက်ယှက်လည်း ကြီးကြီးမားမားထိခိုက်အောင်မလုပ်တာဘဲ ကျေးဇူးတင်ဖို့ကောင်းလှပါပြီ ‌ကဲ ဖြေးဖြေးစား အဘွား ခြံထဲပန်းပင်ရေသွားလောင်းလိုက်အုံးမယ်"

သနားစရာဇာတ်ကောင်ထဲရောက်သွားပြီ (Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ