🍁 ကျွန်တော့်ရဲ့ ရွှေဇွန်သူ 🍁
Part - 3 (Unicode)
"ကဲ.. ကဲ... အားလုံးနဲ့ မိတ်ဆက်ပေးမယ်..."
သူမတို့၏ Design Team Manager ကိုသန့်စင်နိုင်မှ မိတ်ဆက်ပေးလာသော ထိုသူကို မြင်လိုက်ရတဲ့ အချိန်မှာတော့ အားလုံးရဲ့စိတ်ထဲတွင် ကိုယ်စီမှတ်ချက် ပေးလိုက်မိကြသည်က... အားပါးပါး!!! ဒီမှာ Chief Engineer အနေနဲ့ အလုပ်လုပ်မဲ့အစား မင်းသား သွားလုပ်တာကမှ သူ့အတွက် ပိုသင့်တော်လိမ့်မယ် ဟူ၍ ဖြစ်ကြလေသည်။
ထိုလူသည် ဘေးမှာယှဥ်ရပ်နေတဲ့ သူတို့ရဲ့ Manager ကိုသန့်စင်နိုင်လို အရပ်ရှည်တဲ့သူထက်ပင် သူ့အရပ်ကမိုးနေလျှက် အဖြူရောင် shirt နှင့် အနက်ရောင် style pant ကို တွဲဖက်ဝတ်ဆင်ထားပြီး... အင်္ကျီကိုတော့ လည်ပင်းက ကြယ်သီးတစ်လုံးဖြုတ်ထားကာ အင်္ကျီလက်ကို ခေါက်ဝတ်ထားသောကြောင့် ဖြူဝင်းနေတဲ့ အသားအရည်ကို အထင်းသားမြင်နေရလျှက်... သူ့ဟိတ်ဟန်နဲ့ လိုက်ဖက်စွာပင် တည်ရှိနေတဲ့မျက်နှာသည် ယောင်္ကျားပီသစွာ ချောမောနေသည်ကို အားလုံးက ငေးကြည့်နေရတဲ့ အဖြစ်ကို ရောက်ကုန်ကြရ၏။
"အားလုံး... သူကတော့ ကိုရှိန်းမင်းမြတ် ပါ... အစ်ကိုတို့ရဲ့ Design Team မှာ CE ရာထူးနဲ့ တာဝန်ထမ်းဆောင်မဲ့သူပေါ့..."
သန့်စင်နိုင်က Team မှာရှိတဲ့ ဝန်ထမ်းအားလုံးနဲ့ မိတ်ဆက်ပေးလိုက်တော့... ဒီပါမင်းမြတ် တစ်ယောက် နွေးထွေးတဲ့အပြုံးတို့ဖြင့် အားလုံးကို ပြုံးပြလိုက်ရင်း...
"ဟုတ်ကဲ့ ကျွန်တော်က ရှိန်းမင်းမြတ် ပါ... အားလုံးကို တွေ့ရတာဝမ်းသာပါတယ်... Power King Company ရဲ့ Design Team မှာ CE ရာထူးနဲ့ တာဝန်ထမ်းဆောင်မှာမို့... ကျွန်တော်ကလည်း အားလုံးနဲ့ အတူတူလက်တွဲပြီးတော့ Teamwork ကောင်းကောင်းနဲ့ အလုပ်လုပ်သွားဖို့ ကြိုးစားပါ့မယ် ခင်ဗျ... အားလုံးကလည်း ကျွန်တော့်ကို ကူညီပေးကြပါအုံး..."
အားပါးပါး... ရုပ်တင်ချောတာ မဟုတ်ပါပဲ အသံပါဝါကလည်း Deep Voice ကြီးနဲ့မို့ အားလုံးက ပါးစပ်အဟောင်းသားနဲ့သာ ဖြစ်ကုန်ကြရကာ... နောက်တော့မှ သူတို့အားလုံးကလည်း ပြန်လည်နှုတ်ဆက်ကြရ၏။
YOU ARE READING
Romance(Unicode) "ဒီပါမင်းမြတ်" အချစ်လား?... အချစ်ကို ကိုးကွယ်ခဲ့တဲ့လူတချို့ကြောင့် ဒဏ်ရာတွေနဲ့ ရှင်သန်ခဲ့ရတဲ့သူမို့ ချစ်သူ/ရည်စားဆိုတဲ့ ဆက်ဆံရေးကို မြည်းစမ်းကြည့်ယုံလေးသာ စမ်းသပ်ကြည့်ခဲ့တဲ့ ကျွန်တော့်အတွက်တော့... စိတ်ဝင်စားဖို့ကောင်းတဲ့ မိန်းကလေ...