🍁"ကျွန်တော့်ရဲ့ ရွှေဇွန်သူ"🍁
Part - 9 (Unicode)
အချိန်အားဖြင့် ညပိုင်း၈နာရီကျော်နေပြီဖြစ်သော်လည်း Power King Co., Ltd. ၏ Design Team ရုံးခန်းထဲမှာတော့ တိတ်ဆိတ်ငြိမ်သက်နေလျှက် ကိုယ့်အလုပ်ကိုသာ အာရုံစိုက်၍ လုပ်နေကြတဲ့ လူနှစ်ဦးသာ ရှိနေပြီး... သူတို့အတွက်တော့ ဒါဟာ ပုံမှန်လိုပင် ဖြစ်နေခဲ့လေသည်။
"Ring!... Ring!..."
ထိုစဥ် စားပွဲပေါ်မှာတင်ထားတဲ့ ဒီပါမင်းမြတ်၏ ဖုန်းကို သူ့ PA ရဲရင့်ထွန်းဆီမှ ဖုန်းဝင်လာတာမို့ ဖုန်းကိုင်လိုက်၏။
"Hello!..."
"အစ်ကို... ကျွန်တော် ရောက်နေပြီ..."
"အင်း... ဆင်းလာခဲ့မယ်..."
ရဲရင့်ထွန်း တစ်ယောက် သူ့ဘောစ့် ဆင်းလာတာကို Car Parking မှာ စောင့်နေရင်း တွေးလိုက်မိသည်က ရုံးဖွင့်ရက်တွေမှာ နေ့တိုင်းလိုလိုပင် ညပိုင်းဒီအချိန်ရောက်လျှင် သူ့မှာ PA ကနေ delivery man အဖြစ်သို့ duty ချိန်းသွားသည်။
အစ်ကို ဓာတ်လှေကားထဲမှ ထွက်လာတာကို မြင်လိုက်သည်နှင့် ကားထဲမှာရှိတဲ့ ပါဆယ်ဝယ်လာခဲ့သော စားစရာများကို ယူလိုက်ပြီး...
"ဒီမှာ အစ်ကို ဝယ်ခိုင်းလိုက်တဲ့ Bacon Pizza နဲ့ Ice Americano ပါ..."
"Thanks!..."
ဒီပါမင်းမြတ်သည် ရဲရင့်ဆီမှ Pizza နဲ့ Coffee ၂ခွက်ကို ယူလိုက်ပြီးနောက်... ရွှေဇွန်သူ ဗိုက်ဆာနေမှာ စိုး၍ အပေါ်ထပ်သို့ ပြန်သွားရန် ပြင်လိုက်သည်နှင့် အနောက်ကနေ သူ့ခြေလှမ်းတွေကို အမှီလိုက်လာတဲ့ သူ့ PA ဆီမှ ထုံးစံအတိုင်း နားပူအောင်ပြောလာသည်က...
"အစ်ကို... ကျွန်တော် zoom meeting ကို ဘယ်လိုလုပ်လိုက်ရမလဲ..."
ဒီပါမင်းမြတ်သည် နေ့ခင်းပိုင်းကို Power King Co., Ltd. မှာ အလုပ်လုပ်၍ ညပိုင်းရောက်လျှင်တော့ ကနေဒါမှာရှိတဲ့ DK Group အတွက် သူကိုယ်တိုင် မဖြစ်မနေတက်ဖို့ လိုအပ်သော meeting တွေအား zoom meeting ဖြင့် join ၍ အလုပ်လုပ်တာမို့... ဒီနေ့ ညပိုင်း meeting အချိန် နောက်ကျနေမှာစိုးလို့ ရဲရင့်တစ်ယောက် ဘေးအနားကနေ ကပ်လိုက်၍ သတိပေးနေတာ ဖြစ်သည်။
YOU ARE READING
Romance(Unicode) "ဒီပါမင်းမြတ်" အချစ်လား?... အချစ်ကို ကိုးကွယ်ခဲ့တဲ့လူတချို့ကြောင့် ဒဏ်ရာတွေနဲ့ ရှင်သန်ခဲ့ရတဲ့သူမို့ ချစ်သူ/ရည်စားဆိုတဲ့ ဆက်ဆံရေးကို မြည်းစမ်းကြည့်ယုံလေးသာ စမ်းသပ်ကြည့်ခဲ့တဲ့ ကျွန်တော့်အတွက်တော့... စိတ်ဝင်စားဖို့ကောင်းတဲ့ မိန်းကလေ...