Part 17

3.8K 63 7
                                    

🍁"ကျွန်တော့်ရဲ့ ရွှေဇွန်သူ"🍁

Part - 17 (Unicode)

သတ်မှတ်ထားတဲ့အချိန်ထက် နောက်ကျမှရောက်လာတဲ့ ဦးကျော်ထွဋ်သည် ရှယ်ယာရှင်ပွဲ ကျင်းပရာ အစည်းအဝေးခန်းမထဲကို ဝင်လိုက်သည်နှင့် ထိပ်ဆုံးထိုင်ခုံတွင် ခြေချင်းချိတ်၍ ထိုင်နေတဲ့ ဒီပါမင်းမြတ်ကို မြင်လိုက်ရတဲ့အခါမှာတော့...

"မင်းကိုယ်မင်း ဒီကုမ္ပဏီရဲ့ CEO အဖြစ် ခံယူထားတဲ့ပုံပဲ..."

အစည်းအဝေးခန်းမထဲကို ဝင်လာပြီး သူ့ကို မျက်မှောင်ကြုံ့ကြည့်၍ ပြောလာတဲ့ ဦးကျော်ထွဋ်ကို ဂရုမစိုက်ဟန်ဖြင့် မင်းမြတ် လှောင်ပြုံးလေး ပြုံးလိုက်မိရင်း...

"အဟတ်!.. ကျွန်တော်က ကိုယ့်ကိုယ်ကို CEO အဖြစ် ခံယူလို့ မရဘူးလား... Why??...

 Power King Co., Ltd. ရဲ့ Organization Chart မှာတော့ CEO ဦးဒီပါမင်းမြတ် ဆိုတဲ့ နာမည်ကို အတိအကျ ဖော်ပြထားသလားလို့..."

ကိုယ့်သားအရွယ်လေးက သူ့ကို လှောင်ပြောင်ပြောနေတယ်လို့ ခံစားလိုက်ရတာကြောင့် ဦးကျော်ထွဋ် အံ့ကိုတင်းနေအောင် ကျိတ်ပြစ်လိုက်၍

"အဲ့ဒါတွေက မင်းအမေ ကလိမ်ကကျစ် လုပ်သွားတာလေ..."

"ဟုတ်လား... ဦးကျော်ထွဋ် က အဲ့ဒီလို ထင်နေတာလား... ကျွန်တော်နဲ့ အခန်းထဲမှာ ရှိနေတဲ့လူတွေ အကုန် သိထားကြတဲ့ အသိကတော့ Power King Co., Ltd. ကို စတင်တည်ထောင်ကတည်းက အစဥ်အဆက် အုပ်ချုပ်လာကြတဲ့ CEO တွေက ကျွန်တော့်အဘိုး ဦးသီဟနိုင်ရဲ့ မျိုးဆက်တွေ ချည်းပဲလို့ သိထားကြတာပါ..."

အစည်းအဝေးခန်းမထဲမှာ ထိုင်နေတဲ့လူတွေဆီကို ဒီပါမင်းမြတ် စူးရှတဲ့အကြည့်တို့ဖြင့် အားလုံးဆီကို အဓိပ္ပါယ်ပါပါ ဝေ့ကြည့်ပေးလိုက်မိတော့ စိတ်မလုံခြုံတဲ့လူတချို့က အသီးသီး ခေါင်းငုံ့သွားကြတာမို့... သူ့စကားကို ရှေ့ဆက်လိုက်သည်က...

"ဒီနေရာမှာ ကျွန်တော် ထိုင်နေတာကို ကန့်ကွက်ချင်တဲ့သူရှိရင် အခုကတည်းက ကန့်ကွက်လို့ ရပါတယ်... မဟုတ်ရင်တော့..."

"အဟားးး... ငါ့လူတွေကို ချိန်းခြောက်နေတာလား ကောင်လေး... ဒီကုမ္ပဏီက မင်းအပိုင်လို့ ထင်နေရင် ငါ့လူတွေကို ခြိမ်းခြောက်စရာ မလိုဘူးနော်..."

🍁ကျွန်တော့်ရဲ့ ရွှေဇွန်သူ 🍁 (ကျွန်တော့်ရဲ့ ရွှေဇွန်သူ)Where stories live. Discover now