🍁"ကျွန်တော့်ရဲ့ ရွှေဇွန်သူ"🍁
Part - 12 (Unicode)
သူတို့ ကားကို ပုံမှန်နှုန်းနဲ့သာ မောင်းလာခဲ့ကြတာမို့ ညောင်ရွှေမြို့ကိုရောက်တော့ နံနက် ၉နာရီကျော်နေပြီဖြစ်ကာ booking လုပ်ထားတဲ့ hotel ကို အရင်ဆုံးဝင်၍ check in လုပ်လိုက်သည်။ နံနက်စာကိုလည်း လမ်းမှာစားလာခဲ့တာကြောင့် နှစ်ယောက်သား ကိုယ့်အခန်းမှာကိုယ် ခနလောက်နားလိုက်၍ ရေချိုးပြင်ဆင်ကာ အင်းလေးထဲကို စက်လှေဖြင့် လျှောက်လည်ဖို့ ခရီးဆက်ခဲ့ကြ၏။
စက်လှေငှားသည့် နေရာကိုရောက်တော့ စင်းလုံးငှားလို့ရသလို လူနည်းတဲ့အဖွဲ့အချင်းချင်း စုပေါင်း၍ ငှားလို့ရတယ်ဟု ပြောသောကြောင့် ရွှေဇွန်သူက...
"သူသူတို့ တခြားလူတွေနဲ့ ပေါင်းပြီးတော့ ငှားကြမယ်လေ..."
"No... ကိုယ်တို့ နှစ်ယောက်ထဲပဲ တစ်စီးသွားကြမယ်... တခြားလူတွေနဲ့ဆိုရင် အေးဆေးမနေရပဲ ဖြစ်လိမ့်မယ်..."
"အစ်ကို... ကျွန်တော်တို့က နှစ်ယောက်ထဲ လှေတစ်စင်းသွားမယ်နော်..."
"ရပါတယ်... ဒီလှေပေါ်ကို တက်ကြပါ..."
"ရွှေဇွန်သူ လာ ကိုယ့်လက်ကိုကိုင်ပြီးတက် ပြုတ်ကျလိမ့်မယ်..."
ဒီပါမင်းမြတ်က စက်လှေပေါ်ကို အရင်တက်လိုက်၍ ရွှေဇွန်သူ့ကို လက်လှမ်းပေးလိုက်တော့...
"ရပါတယ်... ပြုတ်ကျလည်း သူသူ ရေကူးတက်တယ်..."
"အဟွန်း... သူ့ကို ကိုက်စားမှာ ကြနေတာပဲ..."
ဟိုတခေါက် သူတို့ pizza စားကြတုန်းက သူမရဲ့နှုတ်ခမ်းလေးပေါ်မှာ sauce တွေပေနေတဲ့ သူကိုယ်တိုင် သုတ်ပေးလိုက်မိတဲ့နောက်ပိုင်း... ရွှေဇွန်သူက သူနဲ့ skinship ဖြစ်မှာကို သတိကြီးစွာ ရှောင်ရှားနေတက်တာကို ဒီပါမင်းမြတ် သတိထားမိသည်။
"ကိုမင်းမြတ် ဘာပြောလိုက်တာလဲ..."
ပြုတ်ကျမှာစိုး၍ လှေပေါ်ကို ဂရုစိုက်တက်နေစဉ် ကိုမင်းမြတ် ပြောလိုက်တဲ့စကားကို သေချာမကြားလိုက်တာမို့ ပြန်မေးလိုက်မိတော့ သူမကို ပြုံစိစိမျက်နှာနဲ့သာ ကြည့်ကာ...
YOU ARE READING
Romance(Unicode) "ဒီပါမင်းမြတ်" အချစ်လား?... အချစ်ကို ကိုးကွယ်ခဲ့တဲ့လူတချို့ကြောင့် ဒဏ်ရာတွေနဲ့ ရှင်သန်ခဲ့ရတဲ့သူမို့ ချစ်သူ/ရည်စားဆိုတဲ့ ဆက်ဆံရေးကို မြည်းစမ်းကြည့်ယုံလေးသာ စမ်းသပ်ကြည့်ခဲ့တဲ့ ကျွန်တော့်အတွက်တော့... စိတ်ဝင်စားဖို့ကောင်းတဲ့ မိန်းကလေ...