Part 10

1.1K 31 8
                                    

🍁"ကျွန်တော့်ရဲ့ ရွှေဇွန်သူ"🍁

Part - 10 (Unicode)

Tender အိတ်ဖွင့်မည့်နေ့ဖြစ်တာကြောင့် အစိုးရရုံးတွင် Tender ဝင်ရောက်ယှဥ်ပြိုင်ကြသော ကုမ္ပဏီအားလုံးမှ ကိုယ်စားလှယ်များ တက်ရောက်ကြရမှာမို့ သန့်စင်နိုင်ကတော့ သူ့ရဲ့တာဝန်အတိုင်း ပုံမှန်တက်ရောက်ရတာဖြစ်ပြီး... ဒီပါမင်းမြတ်သည် ဒယ်ဒီရဲ့ မိတ်ဆွေတစ်ယောက်နဲ့ မဖြစ်မနေ တွေ့ဆုံဖို့ရှိလို့ နှစ်ယောက်သား အတူတူထွက်လာခဲ့ကြခြင်း ဖြစ်သည်။

သူတို့ ရောက်သွားသည်နှင့် ဥက္ကဌ ဦးရန်နိုင်နဲ့ တွေ့ခွင့်ရဖို့ အတွင်းရေးမှုးကို ပြော၍ ရုံးခန်းတံခါးကို ခေါက်လိုက်ပြီး ဝင်ခွင့်တောင်းလိုက်သည်။

"ဒေါက်!.. ဒေါက်!..."

"ဝင်ခဲ့ပါ..."

"အန်ကယ်ရန်နိုင် မင်္ဂလာပါ ဗျ..."

ဒီပါမင်းမြတ် ရုံးခန်းထဲကို ဝင်လိုက်သည်နှင့် စာရွက်စာတမ်းတွေကို လက်မှတ်ထိုးနေတဲ့ ဒယ်ဒီရဲ့ မိတ်ဆွေဖြစ်သူ ဦးရန်နိုင်ကို နှုတ်ဆက်လိုက်သည်။

"ဟင်... မင်းက မင်းမြတ်ရဲ့သား ဒီပါ မဟုတ်လား..."

"ဟုတ်ပါတယ်... အန်ကယ်က ကျွန်တော့်ကို မှတ်မိသားပဲ..."

"အန်ကယ်က မင်း ပေါက်စနလေးကတည်းက ချီပိုးလာခဲ့တာပါကွ... ပြီးတော့ ဟောဒီလို ခပ်ချောချော ရုပ်ရည်ရူပါကာကို ကြည့်လိုက်ယုံနဲ့တင် မင်းမြတ်နိုင်နဲ့ ချွတ်ပြီး စွပ်ထားတဲ့အတိုင်းပဲတူနေတဲ့ မင်းကို အန်ကယ်က မမှတ်မိပဲနေပါ့မလား... ဟား.. ဟားး..."

"အဟွန်း!... အန်ကယ်ကတော့..."

မင်းမြတ်တစ်ယောက် အန်ကယ်ရန်နိုင်၏ ဟာသနှော၍ ပြောလာတဲ့စကားကြောင့် သူပါ ခပ်ဟဟရယ်လိုက်မိသည်။ အန်ကယ် ပြောတာကလည်း မှန်နေသည် မဟုတ်လား... အဲ့ဒါကြောင့်လည်း သူ့ကို မြင်လိုက်သည်နှင့် ဘယ်လိုမှ ငြင်းပယ်လို့မရတဲ့ ဒယ်ဒီနဲ့တူနေတဲ့ သူ့ရဲ့ မျက်နှာကြောင့် mission မစတင်ရသေးသ၍ အချိန်မတိုင်ခင်အထိ တချို့သောလူတစ်စု ကုမ္ပဏီကို ရောက်လာကြတဲ့အချိန်မှာ သူ့ကို မမြင်တွေ့သွားစေရန် ရုံးကနေ ရှောင်ထွက်နေခြင်း ဖြစ်သည်။

🍁ကျွန်တော့်ရဲ့ ရွှေဇွန်သူ 🍁 (ကျွန်တော့်ရဲ့ ရွှေဇွန်သူ)Where stories live. Discover now