Part 14

1.7K 37 1
                                    

🍁"ကျွန်တော့်ရဲ့ ရွှေဇွန်သူ"🍁

Part - 14 (Unicode)

"ဒီမှာ ရှင်လေးတို့ မှာလိုက်တာ..."

ရွှေဇွန်သူ တိုက်ခန်းတံခါးဖွင့်၍ အထဲကိုဝင်လိုက်သည်နှင့် ဧည့်ခန်းက ဆိုဖာခုံတွေပေါ်မှာ ဖုန်းကိုယ်စီကိုင်၍ ထိုင်စောင့်နေကြတဲ့ သူငယ်ချင်းမ နှစ်ယောက်ဆီမှ စူပုတ်ပုတ်မျက်နှာတွေနဲ့ သူ့ကို မော့ကြည့်လာကြတာကို မသိချင်ယောင်ဆောင်လိုက်ပြီး လက်ထဲမှာ ကိုင်လာတဲ့အထုပ်ကို စားပွဲပေါ်မှာ တင်ပေးလိုက်သည်။

"ဒေါ်ရွှေဇွန်သူတို့က ပေါ် တော်မူလာသေးသားပဲ... ငါတို့မှာ ဗိုက်ဆာလွန်းလို့ ဗိုက်ထဲမှာ စစ်တိုက်နေပြီ..."

"အံမယ်... သူများကို အချိန်မတော်ကြီးလည်း ဝယ်ခိုင်းသေးတယ်... ဒါတောင် ကိုမင်းမြတ်က marketplace ဝင်ပေးလို့ မဟုတ်ရင် ကျမ ဟိုဘက် ၂လမ်းကျော်ကနေ လမ်းလျှောက်ပြီး ပြန်လာရတော့မလို့..."

သူမကတော့ သဘောရိုးနဲ့ ပြောလိုက်မိပေမဲ့... သူငယ်ချင်းမ နှစ်ယောက်ကတော့ ခုနက စူပုတ်နေတဲ့ သူတို့ မဟုတ်တဲ့အတိုင်း ချက်ချင်းဆိုသလို စပ်ဖြီးဖြီးဖြစ်သွားရကာ...

"အယ်!... ကိုကိုမင်းမြတ် ဝယ်ပေးလိုက်တာလား... သူ့စေတနာတွေနဲ့ marketplace ကို တကူးတကဝင်ပြီး ဝယ်ပေးတာဆိုတော့ ဒီခေါက်ဆွဲလေးကို စားရတာ တော်တော်လေး အရသာရှိနေမှာပဲ... ခစ်! ခစ်!..."

ဒီစပ်စုမနှစ်ယောက်က ကိုမင်းမြတ်နဲ့ သူတို့ကို မိတ်ဆက်ပေးဖို့ ပြောနေတာကို မသိချင်ယောင်ဆောင်နေလို့ ဆိုပြီး သူမကို အိမ်ပြန်လိုက်ပို့ပေးတဲ့အချိန်အား ကွတ်တိစောင့်နေ၍ တိုင်ဆိုင်တာလိုလိုနှင့် မျက်နှာပြောင်ပြောင် မိတ်ဆက်ခဲ့ကြတာမို့... ကိုမင်းမြတ်က သူတို့ကို မိတ်ဖြစ်ဆွေဖြစ် ဟုဆိုကာ စားသောက်ဆိုင်မှာ ညစာလိုက်ကျွေးခဲ့ဖူးတာကြောင့် ထိုနေ့ကစ၍ ကိုကိုမင်းမြတ်... ကိုကိုမင်းမြတ်... နဲ့ ပါးစပ်ကနေ မချတော့တာဖြစ်သည်။

"ချက်ချင်းပဲ နှစ်ယောက်စလုံး ဖြစ်သွားရုပ်တွေကိုက ကြည့်ပါအုံး.... ခေါက်ဆွဲ ဝယ်လာတဲ့သူက ကျမပါ နှာဘူးမတွေရဲ့..."

🍁ကျွန်တော့်ရဲ့ ရွှေဇွန်သူ 🍁 (ကျွန်တော့်ရဲ့ ရွှေဇွန်သူ)Where stories live. Discover now