Part 13

1.3K 38 6
                                    

🍁"ကျွန်တော့်ရဲ့ ရွှေဇွန်သူ"🍁

Part - 13 (Unicode)

ဦးကျော်ထွဋ်သည် Power King Co., Ltd. ၏ MD ရာထူးကို ရယူထားပြီး အုပ်ချုပ်နေခဲ့ပေမဲ့.... ကုမ္ပဏီရဲ့ CEO အတွက် သီးသန့်ရည်ရွယ်ထားတဲ့ ရုံးခန်းမှာ ထိုင်ပိုင်ခွင့်မရှိသူ တစ်ယောက်မို့... ယုံကြည်စိတ်ချရတဲ့ လူယုံတွေနဲ့ လွှဲအပ်ထား၍ အရေးကြီးကိစ္စရှိမှသာ ကုမ္ပဏီကို သူကိုယ်တိုင် လာလေ့ရှိသည်။

သို့သော် ဒီနေ့မှာတော့ ကုမ္ပဏီကို ရောက်လာခဲ့ပြီး ယခုလက်ရှိ သူထိုင်ပိုင်ခွင့်ရှိတဲ့ MD ရုံးခန်းထဲမှာ ထိုင်နေရင်းနဲ့ ဦးကျော်ထွဋ် တစ်ယောက် မနေ့က VVIP ဖောက်သည်အတွက် သူကိုယ်တိုင် ပစ္စည်းသွားပို့ပေးရင်းနဲ့ မြင်လိုက်ရတဲ့ မြင်ကွင်းတစ်ခုအား သူ့စိတ်ထဲမှာ မတင်မကျဖြစ်နေတော့၏။

Power King Co., Ltd. ၏ ပိုင်ဆိုင်မှုတွေနဲ့ ကုမ္ပဏီရဲ့ CEO ရာထူးကို ရနိုင်ဖို့အတွက် သူ ကြိုးစားနေခဲ့တာ နှစ်ပေါင်းကြာနေပြီဖြစ်ပေမဲ့... ယခုထိတိုင် ပိုင်ဆိုင်ခွင့် မရသေးတာမို့ ဦးကျော်ထွဋ် တစ်ယောက် သူ ကြိုးစားထားသမျှတွေအား သဲထဲရေသွန်ဖြစ်သွားမှာကို စိုးရိမ်နေမိသည်။

သူ့အတွက် back up လုပ်ထားတဲ့လုပ်ငန်းတွေ ရှိထားပြီးသားဖြစ်ပေမဲ့... ထိုလုပ်ငန်းတွေက တရားဝင်ချပြလို့ရတဲ့ လုပ်ငန်းတွေ မဟုတ်တာမို့ ဒီကုမ္ပဏီက သူ့အတွက် for show လုပ်ပြဖို့ မဖြစ်မနေလိုအပ်သလို... ဒီကုမ္ပဏီအား သူ့ကို မပိုင်ဆိုင်စေချင်လို့ သူမ မသေဆုံးခင် အကွက်ကျကျ စီစဥ်သွားခဲ့တဲ့ တစ်စုံတစ်ယောက်ကြောင့်လည်း ပို၍ အရယူချင်တာဖြစ်သည်။

သူ့စိတ်ထဲမှာ မတင်မကျ ဖြစ်နေတာထက်စာရင် လက်တွေ့အကောင်အထည် ဖော်လိုက်ဖို့ကိုသာ ဆုံးဖြတ်လိုက်၍ ဆွေမျိုးနီးစပ်ထဲက သူ့လူယုံတော်အဖြစ် အလုပ်ခန့်ထားတဲ့ ထွန်းအောင်ကို ရုံးခန်းထဲ ဝင်လာခဲ့ဖို့ လှမ်းခေါ်လိုက်၏။

"MD... ကျွန်တော့်ကို ခေါ်လား..."

"ထိုင်အုံး ထွန်းအောင်... ငါ မင်းကို ခိုင်းစရာကိစ္စတွေ ရှိတယ်..."

🍁ကျွန်တော့်ရဲ့ ရွှေဇွန်သူ 🍁 (ကျွန်တော့်ရဲ့ ရွှေဇွန်သူ)Where stories live. Discover now