Part 16

1.4K 45 4
                                    

🍁"ကျွန်တော့်ရဲ့ ရွှေဇွန်သူ"🍁

Part - 16 (Unicode)

လွန်ခဲ့သော ၁နာရီကျော်က ကုမ္ပဏီ၏ ဓာတ်လှေကားရှေ့တွင် ဒီပါမင်းမြတ်နဲ့ ဦးကျော်ထွဋ် တို့ ထိပ်တိုက်ဆုံတွေ့ခဲ့ကြပြီးနောက်... 'မနက်ဖြန် နံနက် ၁၀နာရီ အချိန်တွင် ရှယ်ယာရှင် အစည်းအဝေးပွဲအား အရေးပေါ်ကျင်းပရန် ရှိပါသဖြင့် ရှယ်ယာရှင်တွေအားလုံး တက်ရောက်ပေးကြပါရန်' ဆိုတဲ့ ဖိတ်ကြားချက်ကို ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရ ရှေ့နေ ဦးမောင်မောင်လတ် ကိုယ်တိုင် ထုတ်ပြန်လာတဲ့အကြောင်းစာ mail ကို လက်ခံရရှိလိုက်ရသည်နှင့် ဦးကျော်ထွဋ် တစ်ယောက် ပြာယာခတ်သွားရသည်။

"ဘာလို့ ငါ ရှယ်ယာတွေက 23% ပဲ ဖြစ်နေရတာလဲ..."

တနေ့နေ့ တချိန်ချိန်မှာ ဒီအခြေအနေမျိုးကို ရောက်လာလမ့်မည်လို့ ခန့်မှန်းထားခဲ့ပေမဲ့... ယခုလို ဘာမှ ပြင်ဆင်ချိန် မရလောက်တဲ့အထိ ဆိုရွားလိမ့်မယ်လို့ ဦးကျော်ထွဋ် ဘယ်တုန်းကမှ တွေးမထားခဲ့ပေ။ ကိုယ့်ဘက်က လောင်ဆာဝယ်ဖို့ ပြင်ဆင်နေဆဲအချိန်ကာလအတွင်းမှာ သူတို့ဘက်က ဦးအောင်ရှို့လိုက်ကြပြီဖြစ်သည်။

ဘာကြောင့် ဦးလေး ပြာယာခတ်နေတာလဲ ဆိုတာကို ထွန်းအောင် ရိပ်မိပေမဲ့... ကိုယ့်ဘက်ကို မြှားဦးလှည့်လာမှာ စိုးရိမ်တာကြောင့်...

"MD ပဲ ပစ္စည်းဝယ်ချင်လို့ ငွေလှည့်တဲ့အနေနဲ့ ဒေါ်ယုယုခင် ဆီကို ရှယ်ယာ 5% ခန လှည့်ရောင်းထားတာလေ..."

"တောက်!... ကွာ...."

"ဒုန်း!... ခွမ်!.. ခလွမ်!..."

ဦးကျော်ထွဋ် စားပွဲပေါ်က ပစ္စည်းတွေဆီကို တွန်းဖယ်ပြစ်လိုက်၍ ဒေါသတွေ ပုံချလိုက်ပြီးနောက် သူ့စိတ်ကို ပြန်ထိန်းရန် အချိန်အတန်ကြာတဲ့အထိ ငြိမ်သက်လိုက်ပြီးမှ...

"ငါ ဆက်သွယ်ခိုင်ထားတဲ့ ရှယ်ယာတွေဆီက အကြောင်းပြန်လာပြီလား..."

"ဘယ်သူဆီကမှ အခုချိန်ထိ အကြောင်းပြန်မလာသေးပါဘူး... တကယ်လို့ အကြောင်းပြန်မလာဘူးဆိုရင် ဒီပါမင်းမြတ် နာမည်အောက်မှာ ရှိနေတဲ့ ရှယ်ယာတွေက 38% ရှိနေတာဆိုတော့ ကျွန်တော်တို့ ဘယ်လို လုပ်ကြမလဲ..."

🍁ကျွန်တော့်ရဲ့ ရွှေဇွန်သူ 🍁 (ကျွန်တော့်ရဲ့ ရွှေဇွန်သူ)Where stories live. Discover now