Part 7

1.1K 33 1
                                    

🍁 ကျွန်တော့်ရဲ့ ရွှေဇွန်သူ 🍁

Part - 7 (Unicode)

"ဒီအစ်ကိုအတွက် ဆေးကုသစရိတ်ကို ကျွန်တော်တို့ဘက်ကနေ ကျခံပေးပါ့မယ် ခင်ဗျ..."

သန့်စင်နိုင် သတင်းကြားကြားချင်း ရဲစခန်းကို အပြေးရောက်လာခဲ့ပြီး... ဘယ်လိုပဲ လူ့ကျင့်ဝတ်တရားတွေကို မစောင့်ထိန်းနိုင်၊ မလိုက်နာနိုင်ပဲ လူ့ပတ်ဝန်းကျင်မှာ အမြင်မတော်စရာလုပ်ရပ်ကို ကျူးလွန်ခဲ့ကြတာက သူတို့ ဆိုပေမဲ့... ကိုယ့်ဘက်ကလည်း ကိုယ်နဲ့မသက်ဆိုင်ပဲ ဝင်ရောက်စွက်ဖက်မိခဲ့တာမို့... ပြေလည်ရာ ပြေလည်ကြောင်း ဖြစ်ဖို့အတွက် ညှိနှိုင်းနေခြင်းဖြစ်သည်။

"ဒီမှာ ခင်ဗျားတို့ဘက်က လုပ်လိုက်လို့ ကျုပ် ခေါင်းပေါက်သွားတာကို မြင်တယ်မို့လား... ဆေးဖိုးလောက်နဲ့တော့ ကျေအေးမပေးနိုင်ဘူး...

စခန်းမှုးကြီး... သူတို့ကို ကျုပ် အမှုဖွင့်မှာ... အမှုဖွင့်ပေးပါ..."

မိန်းမနဲ့သမီးကို လူမဆန်စွာရိုက်နှက်၍ နှိပ်စက်နေခဲ့တဲ့ သန်းကျော် ဆိုသော အမူးသမားသည် ရွှေဇွန်သူ ကန်လိုက်တဲ့ ကန်ချက်ကြောင့် သူ့ခေါင်းပေါက်သွားခဲ့တာကို မကျေမချမ်းဖြစ်နေခဲ့လျှက်... သန့်စင်နိုင်၏ ကမ်းလှမ်းမှုကိုလည်း လက်မခံသလို သူ့ဘက်က ကျေအေးမပေးနိုင်ဘူးဟု စခန်းမှုးကြီး ဘက်ကိုပါ လှည့်ပြောလေတော့သည်။

ထိုလူ၏ စကားကြောင့် သူတို့ဘက်က မျက်နှာတင်းသွားတာကို ရိပ်မိတဲ့ စခန်းမှုးကြီးသည် အရှေ့မှာထိုင်နေတဲ့ သန့်စင်နိုင်ရယ်၊ ဘေးခုံမှာထိုင်နေကြတဲ့ ရွှေဇွန်သူနဲ့ ဒီပါမင်းမြတ် တို့ကို ဘာမျှဝင်မပြောဖို့ မျက်ရိတ်မျက်ကဲပြလျှက်...

"ဟုတ်ပြီ ခင်ဗျာဘက်က ကျေအေးမပေးနိုင်ဘူးဆိုတော့ အမှု့ခင်းဖွင့်ကြတာပေါ့...

အဲ့ဒီတော့ အရင်ဆုံး ခင်ဗျားကို မေးမယ်... ဒီမိန်းကလေးက ခင်ဗျားက ဝင်ရိုက်ရတဲ့အချိန်တုန်းက ခင်ဗျား ဘာလုပ်နေတာလဲဆိုတာကို အမှန်အတိုင်းဖြေ..."

"ဘာမှ မလုပ်ဘူး... ကျုပ်တို့မိသားစုက ကိုယ့်ဘာသာ နေနေတာကို ဒီမိန်းကလေးက ကျုပ်ကို ဝင်ရိုက်တာ ဒါပဲ..."

🍁ကျွန်တော့်ရဲ့ ရွှေဇွန်သူ 🍁 (ကျွန်တော့်ရဲ့ ရွှေဇွန်သူ)Where stories live. Discover now