Part 5

1.1K 30 4
                                    

🍁ကျွန်တော့်ရဲ့ ရွှေဇွန်သူ🍁

Part - 5 (Unicode)

ဒီပါမင်းမြတ်သည် မနက်ဖြန် ရှေ့နေဦးမောင်နဲ့ ချိန်းဆိုထားတာမို့... ဆွေးနွေးရန် လိုအပ်တဲ့ဖိုင်တချို့ကို သူ့အလုပ်စားပွဲ locker ထဲမှာ ထည့်ထားခဲ့တာကြောင့် ထိုဖိုင်တွေကို ယူဖို့အတွက် Party မှ အပြန် ရုံးကိုပြန်ဝင်လာခဲ့တာဖြစ်ပြီး... ထိုအချိန်အထိ သူတို့ Design Team ၏ ရုံးခန်းထဲမှာ အလုပ်ထဲတွင်အာရုံစိုက်၍ အလုပ်နေသေးတဲ့ ရွှေဇွန်သူကို တွေ့လိုက်ရလေသည်။

"မင်း အခုချိန်ထိ မပြန်သေးဘူးလား..."

CE ရဲ့ အသံကို ကြားလိုက်ရတာကြောင့် Party သွားတဲ့သူက ဘာကြောင့် ပြန်လာတာလဲဟု နားမလည်စွာဖြင့် သူသူ မော့ကြည့်လိုက်မိပြီး...

"ဟင်!... ဟုတ် လက်စသတ်စရာ အလုပ်လေးတွေ နည်းနည်းကျန်နေသေးလို့ မပြန်ဖြစ်သေးတာပါ... CE ကရော Party ကို သွားတာ မဟုတ်ဘူးလား... ဘာဖြစ်လို့ ပြန်လာတာလဲ..."

"ဘယ်အချိန် ရှိနေပြီမို့လဲ... ၁၀နာရီ ထိုးနေပြီ... မင်း အခုချိန်ထိ ထိုင်ရာကနေ မထပဲ အလုပ်လုပ်နေတာတော့ မဟုတ်..."

ဒီပါမင်းမြတ် 'မဟုတ်ဘူး မို့လား..." လို့ မေးဖို့အတွက် စကားလုံးတွေဟာ လေထဲမှာတင် ရပ်တန့်သွားရပြီး... သူမရဲ့ အလုပ်စားပွဲအစွန်းမှာ တင်ထားသော စားလက်စပေါင်မုန်ထုပ်လေးနဲ့ coffee ခွက်လေးက သက်သေဖြစ်နေတာမို့ မျက်မှောင်ကြုံ့သွားရ၏။

Computer screen အပေါ်မှာ ရှိနေတဲ့ သူမ၏ လုပ်လက်စ Project file ကို လှမ်းကြည့်လိုက်မိတော့... ညနေခင်းက ပြန်စစ်ပေးပါဟုဆိုကာ ခင်သူဝင်း လာပေးသွားတဲ့ Project ဖြစ်နေသည်။ ခင်သူဝင်းက ရွှေဇွန်သူ့ကို ထို Project file အား လာပေးသွားတဲ့အချိန်က ဒီပါမင်းမြတ်သည် သူ့အလုပ်စာပွဲမှာပဲ ထိုင်၍ အလုပ်လုပ်နေတာမို့ ဒီကိစ္စကို သိနေခြင်းဖြစ်သည်။

"မင်း ပြန်သင့်ပြီ..."

"ဟုတ်... ဒါလေး ပြီးအောင်စစ်ပြီးရင် ပြန်တော့မှာပါ..."

ရွှေဇွန်သူသည် အလုပ်တစ်ခုကို စလုပ်မိပြီဆိုလျှင် အကောင်းဆုံးဖြစ်အောင် အတက်နိုင်ဆုံး စိတ်နှစ်၍ လုပ်ကိုင်တက်သည့် အကျင့်ရှိလေရာ... ဒီနေ့က Friday ဖြစ်နေပြီး နောက်ရက်ဆိုလျှင် Holidays ဖြစ်သွားပြီမို့.... ခင်သူဝင်းရဲ့ Project ကို အပြီးစစ်ပေးလိုက်မယ်ဟု တွေးလိုက်၍ စတင်လိုက်တာဖြစ်သည်။ သို့သော် သူမ သေချာစစ်ရင်း စစ်ရင်းနဲ့ အမှားတွေ တွေ့လာခဲ့တာကြောင့် ပြန်ပြင်ပေးနေတာမို့ အချိန်တွေ ကုန်မှန်မသိ ကုန်သွားခဲ့တာဖြစ်၏။

🍁ကျွန်တော့်ရဲ့ ရွှေဇွန်သူ 🍁 (ကျွန်တော့်ရဲ့ ရွှေဇွန်သူ)Where stories live. Discover now