Part 4

1.2K 30 2
                                    

🍁 ကျွန်တော့်ရဲ့ ရွှေဇွန်သူ 🍁

Part - 4 (Unicode)

Meeting room ထဲတွင် Design Team မှ အဖွဲ့သားများ အားလုံးသည် ပုံမှန် Design coordination meeting လုပ်ကြရာတွင် လက်ရှိ ကိုယ်တာဝန်ယူလုပ်နေရတဲ့ Project တွေကို ကိုယ်စီ Presentation လုပ်ကြရပြီး Team မှ အဖွဲ့သားတွေဆီမှ လိုအပ်ချက်တွေကို comments ပေးရတဲ့ ‌discussion time ဖြစ်လေသည်။

"ဒါကတော့ Tender Lot No. 3 ရဲ့ Design ပါ..."

ခင်သူဝင်းက သူ ဝာာဝန်ယူထားတဲ့ Tender Project ကို projector မှာ ပြသလျှက် သူမ ဆွဲထားတဲ့ design တွေကို ရှင်းပြပြီးချိန်တွင် ရွှေဇွန်သူ ဆီမှ အရင်ဆုံး မေးခွန်းထုတ်လာသည်က...

"မခင်သူ... ဘာလို့ channel၊ angle တွေရဲ့ thickness ကို 6mm တွေပဲ သုံးထားတာလဲ ဟင်..."

"Strong ဖြစ်ဖို့အတွက် တွက်ပြီး ထည့်ထားတာပါ..."

"6mm တွေက site မှာ အသုံးနည်းသလို စျေးကွက်မှာလည်း ပစ္စည်းဝယ်လို့ သိပ်မလွယ်ဘူး... connector နဲ့ support bracket တွေကို 3 မီတာတိုင်းမှာ ထည့်ထားပြီးသားဆိုတော့ strong ဖြစ်ပါတယ်... အဲ့ဒါကြောင့် သူသူ့ အမြင်အရတော့ 6mm အထိ မလိုအပ်ဘူးလို့ ထင်တယ်... 5mm နဲ့ ချိန်းသုံးရင် strong ဖြစ် မဖြစ် ပြန်တွက်ကြည့်ပြီး ပြောင်းသုံးလို့ ရမယ်ဆိုရင်တော့ ပြောင်းသုံးစေချင်တယ်...

ပြီးတော့ Second floor ကို တက်တဲ့ cable duct ကို ချိုးထားတဲ့ degree က မနည်းလွန်းဘူးလား... cable burning radius နဲ့ ပြန်စစ်ကြည့်ပေးပါအုံး..."

"တကယ်လို့ cable duct ကို degree ချိန်းလိုက်မယ်ဆိုရင် second floor မှာ ဖောက်ထားတဲ့ hole size က အဆင်မပြေတော့ဘူး... ပြောင်းလိုက်ရင် structure နဲ့ပါ ငြိသွားမှာပေါ့..."

"အဲ့ဒါဆိုရင် structure နဲ့ ငြိမှာစိုးလို့ ဆိုပြီးတော့ cable burning အတွက် မလုံလောက်တဲ့ ဒီအခြေအနေနဲ့ပဲ design ထွက်လိုက်တော့မှာလား..."

"အဟွန်း..."

ခင်သူဝင်းရဲ့ Design အပေါ်မှာ သူမြင်ထားတဲ့ ဟာကွက်တွေကို ရွှေဇွန်သူက ချက်ချင်းလက်ငင်း ထောက်ပြလာခဲ့တာမို့... သူမက ထက်မြတ်တဲ့မိန်းကလေးပါဆိုပြီး ကိုသန့်စင်နိုင် ပြောခဲ့ဖူးတဲ့ စကားကို ပြန်အမှတ်ရသွားကာ ဒီပါမင်းမြတ် ခပ်ပါးပါးလေး ပြုံးလိုက်မိ၏။ ဒီ meeting ကို သူ ပထမဆုံးအကြိမ် စတက်ဖြစ်တာမို့ Team ၏ အခြေအနေကို အကဲခတ်ချင်လို့ ပွဲကြည့်ပရိတ်သတ် အနေနဲ့သာ ကြည့်နေလိုက်သည်။

🍁ကျွန်တော့်ရဲ့ ရွှေဇွန်သူ 🍁 (ကျွန်တော့်ရဲ့ ရွှေဇွန်သူ)Where stories live. Discover now