Part 15

1.6K 47 1
                                    

🍁"ကျွန်တော့်ရဲ့ ရွှေဇွန်သူ"🍁

Part - 15 (Unicode)

"ခဏလေး လိုက်အုံးမယ်ရှင့် ..."

ဓာတ်လှေကား တံခါးပိတ်တော့မှာမို့ အထဲမှလူကို လှမ်းပြောလိုက်မိရင်း ရွှေဇွန်သူ အပြေးလေးရောက်သွား၍ အထဲကိုဝင်ဖို့လုပ်စဥ် အထဲမှလူသည် ကိုမျိုးသူထွန်း ဖြစ်နေတာမို့...

"ဟင်!...."

"Good Morning ပါ ရွှေဇွန်သူ..."

"ဟုတ်... Good Morning ပါ ကိုမျိုးသူထွန်း... ဒီနေ့ ရုံးလာတာ စောတယ်နော်..."

တက်နိုင်သမျှ မတွေ့ဖြစ်အောင်နေတဲ့သူနဲ့မှ တည့်တည့်တိုးနေတာကြောင့် ရွှေဇွန်သူ မချိပြုံးလေးသာ ပြုံးပြလိုက်မိရင်း ပြန်နှုတ်ဆက်လိုက်၏။

"ဟုတ်တယ်... ဒီနေ့ Oversea ပစ္စည်းတွေ ရောက်ဖို့ရှိလို့ ဆိပ်ကမ်းကို သွားရမှာမို့လို့ စောစောရုံးလာလိုက်တာ..."

"သြော် ဟုတ်ကဲ့..."

"ဇွန်လေး... အစ်ကို့ကို ဘာလို့ ရှောင်နေတာလဲ..."

သူမအနားကို တိုးကပ်လာ၍ ပြောလာတဲ့ မျိုးသူထွန်း၏ စကားလုံးတွေကြောင့်ရော... သူမကို "ဇွန်လေး" လို့ သုံးနှုန်း၍ ခေါ်လာတာမို့ ချက်ချင်းဆိုသလို ရွှေဇွန်သူ့မျက်နှာက ပျက်ယွင်းသွားခဲ့လျှက်....

"ကျွန်မက ရှင့်ကို ဘာကိစ္စရှောင်‌ရမှာလဲ အာရုံထဲမှာကို မရှိတာ... ပြီးတော့ ကျမကို "ဇွန်လေး" လို့ မခေါ်ပါနဲ့..."

"အစ်ကိုက မင်းကို မြတ်နိုးလို့ ခေါ်တာပါ..."

"မခေါ်နဲ့ ကျမ မကြိုက်ဘူး..."

"မကြိုက်ဘူးဆိုရင် ကိုယ် နောက်မခေါ်တော့ပါဘူး... ကိုယ့်ကို စိတ်မဆိုးပါနဲ့နော်..."

ရွှေဇွန်သူ၏ မျက်နှာလှလှလေးသည် ပျက်ယွင်းသွားခဲ့ပြီး... သူ့ကို ပြောနေတဲ့အချိန်မှာ အံ့ကိုကျိတ်ထားလျှက် စိတ်ကိုမနည်းထိန်းကာ ပြောနေတာက သိသာနေတာကြောင့် မျိုးသူထွန်းက ပြာပြာသလဲ ပြန်ပြောလိုက်ရ၏။

"ဒါပေမဲ့ မင်းရဲ့အချစ်ကိုရဖို့ အစ်ကို့ဘက်က အခုချိန်အထိ လက်မလျော့သေးဘူး ဆိုတာတော့ သတိရပေးပါ..."

🍁ကျွန်တော့်ရဲ့ ရွှေဇွန်သူ 🍁 (ကျွန်တော့်ရဲ့ ရွှေဇွန်သူ)Where stories live. Discover now