Part 8

1.2K 36 4
                                    

🍁"ကျွန်တော့်ရဲ့ ရွှေဇွန်သူ"🍁

Part - 8 (Unicode)

"သူသူ..."

တီငယ်တို့မိသားစု နေထိုင်ကြတဲ့ Condo အခန်းတံခါးကို ဖွင့်၍ ရွှေဇွန်သူ ဝင်လိုက်သည်နှင့်... တီငယ်ရဲ့သမီးလေး နွေးထွေးသန့်စင်က သူမဆီကို ပြေးလာလေသည်။

"သူသူရဲ့အသဲလေးကို အရမ်းလွမ်းနေတာ... ကြည့်ပါအုံး ပါးလေးတွေက ကြာလေကြာလေ ပိုပိုဖောင်းလာတာပါလား... သူသူက ဒီပါးဖောင်းဖောင်းလေးတွေကို အာဘွားတွေ အရမ်းပေးချင်နေတာ..."

"မွ!.. မွ!!..."

လက်ထဲမှာ ကိုင်လာတဲ့အထုပ်တွေကို ချထားလိုက်ပြီး... သူမဆီကို ပြေးဝင်လာတဲ့ နွေးထွေးလေးကို ဆီးကြိုပွေ့လိုက်၍ ပါးဖောင်းဖောင်းလေး နှစ်ဖက်စလုံးကို မွှေးကြူလိုက်၏။

"ခိ!.. ခိ!... သူသူ... နွေးနွေး မှာလိုက်တာ ပါလာလား..."

"ဝယ်လာပါတယ် ရှင်..."

နွေးထွေးလေးအတွက် ဝယ်လာခဲ့သော barbie ရုပ်လေးထည့်ထားတဲ့ ဗူးလေးကို ထုတ်ပြလိုက်တော့...

"အာ့ကြောင့် သူသူ့ကို ချစ်တာ... မွ!!..."

"ပူဆာတာ ဝယ်ပေးလို့ သူသူ့ကို ချစ်တာလား..."

ကလေးသဘာဝအရ သူလိုချင်တာကို ရသွား၍ ပြုံး‌ပျော်နေရှာသော နွေးထွေးလေးရဲ့ ပါးလေးကို ချစ်စနိုးဖြင့် မနာအောင်ဆွဲဖဲ့လိုက်ပြီး စလိုက်တော့...

"အဲ့လို ဟုတ်ပါဘူး... အစကတည်းက သူသူ့ကို ချစ်တယ်လေ... ပြီးတော့ နွေးနွေး လိုချင်တာတွေ ဝယ်ပေးလို့ အများကြီးချစ်တယ်လို့ ပြောတာ ဟိ.. ဟိ..."

"ဟွန်း... လူလည်မလေး အဲ့တော်ကီတွေနဲ့ပဲ သူသူ့ကို လူလည်ကြပြီးတော့ ညာညာစားနေတာ..."

"ခိ.. ခိ..."

"ရောက်လာပြီလား..."

ဒီပါမင်းမြတ်... ရွှေဇွန်သူတို့ ညီအစ်မနှစ်ယောက် တစ်တီတူးနေကြတဲ့ အနားကိုသွား၍ နှုတ်ဆက်လိုက်တော့...

"ဟင်!!... ကိုမင်းမြတ်က ဒီကို ဘယ်လိုရောက်နေတာလဲ..."

ရွှေဇွန်သူ ထင်မှတ်မထားတဲ့သူကို မြင်လိုက်ရကြောင့် ရုတ်တရက် အံ့သြသွားရကာ မေးခွန်းထုတ်လိုက်မိသည်။

🍁ကျွန်တော့်ရဲ့ ရွှေဇွန်သူ 🍁 (ကျွန်တော့်ရဲ့ ရွှေဇွန်သူ)Where stories live. Discover now