🍁 ကျွန်တော့်ရဲ့ ရွှေဇွန်သူ 🍁
Part - 6 (Unicode)
သူ ဒီနေ့ရုံးမှာ ရှိနေလို့မဖြစ်တဲ့ အကြောင်းအရင်းလေးတွေ ရှိတာကြောင့်... ဒီပါမင်းမြတ် ကိုယ့်နေရာကို အမြန်ပြန်လာခဲ့ပြီး အလုပ်စားပွဲပေါ်က ပစ္စည်းတချို့ကို သိမ်းဆည်းလိုက်၍ ရွှေဇွန်သူ ဘက်ကိုလှည့်ကာ ပြောလိုက်သည်က...
"ရွှေဇွန်သူ... ဒီနေ့ ပုဇွန်တောင်နဲ့ အလုံ site မှာ Testing လုပ်မှာ ဆိုတော့ checking လုပ်ဖို့အတွက် အဲ့ဒီကို ကျွန်တော်နဲ့ အတူတူလိုက်ခဲ့ရမယ်... လိုအပ်မဲ့ စာရွက်စာတမ်းတွေ ပြင်ဆင်ပြီး ယူလာခဲ့ပေးပါ.... နောက် ၁၀မိနစ်နေရင် သွားကြမယ်နော်..."
"ရှင်... ဟုတ် ဟုတ်ကဲ့..."
ပုံမှန် Site testing လုပ်တဲ့နေ့တွေမှာ သူမတို့၏ မန်နေဂျာ သန့်စင်နိုင် ဒါမှမဟုတ် စီနီယာ ဖြစ်သူ မယုယနှင်းတို့နှင့်အတူ သူမလည်း လိုက်နေကြမို့ ပြင်ဆင်ထားပြီးသားဆိုပေမဲ့... ယခုလို CE နဲ့ အတူတူသွားရမယ်လို့ ထင်မထားတာကြောင့် ရုတ်တရက်ကြောင်သွားရ၏။ သို့သော် ချက်ချင်းဆိုသလိုပဲ ခေါင်းငြှိမ်ပြလိုက်၍ ပြင်ဆင်ထားပြီးသား စာရွက်စာတမ်းတွေကို ပြန်စစ်လိုက်ရင်း site ကို သွားရန် အဆင်သင့်အနေအထားဖြင့် စောင့်နေလိုက်သည်။
.........................
သူတို့ အလုံ site မှာ testing လုပ်ပြီးသွားလို့ ပုဇွန်တောင် site ကို သွားရာလမ်းမှာ ကားပေါ်တွင် ခုနက testing result တွေအား laptop ထဲကို data ပြန်ထည့်နေရင်း လိုက်ပါလာတဲ့ ရွှေဇွန်သူကို ဒီပါမင်းမြတ် ငဲ့ကြည့်လိုက်၍ ကားပေါ်တွင် screen ကို အာရုံစိုက်ကြည့်နေလျှင် ဒီကောင်မလေးကို အမြင်အာရုံ အားနည်းတာမျိုးဖြစ်မှာကို စိုးရိမ်သောကြောင့်... စကားလမ်းကြောင်းရှာလိုက်၏။
"Site အတွေ့အကြုံက ဘယ်လိုနေလဲ..."
"ဘာဖြစ်လို့ မေးတာလဲ ကိုမင်းမြတ်ရဲ့..."
ရွှေဇွန်သူ လက်မှလည်း အလုပ်ကို လုပ်မြဲလုပ်နေဆဲရှိလျှက် CE ၏ ရုတ်တရက်ဆန်တဲ့ မေးခွန်းကို နားမလည်စွာ ပြန်မေးလိုက်မိသည်။
YOU ARE READING
Romance(Unicode) "ဒီပါမင်းမြတ်" အချစ်လား?... အချစ်ကို ကိုးကွယ်ခဲ့တဲ့လူတချို့ကြောင့် ဒဏ်ရာတွေနဲ့ ရှင်သန်ခဲ့ရတဲ့သူမို့ ချစ်သူ/ရည်စားဆိုတဲ့ ဆက်ဆံရေးကို မြည်းစမ်းကြည့်ယုံလေးသာ စမ်းသပ်ကြည့်ခဲ့တဲ့ ကျွန်တော့်အတွက်တော့... စိတ်ဝင်စားဖို့ကောင်းတဲ့ မိန်းကလေ...