🍁"ကျွန်တော့်ရဲ့ ရွှေဇွန်သူ"🍁
Part - 11 (Unicode)
"ကိုရှိန်းမင်းမြတ်နဲ့ စကားလေးပြောချင်လို့ ကျွန်တော့်ကို အချိန်နည်းနည်းပေးနိုင်မလား..."
မင်းမြတ်သည်သူကိုယ်တိုင် ကားမောင်းလာတာမို့ Car parking မှာ ပါကင်ထိုးလိုက်ပြီးနောက် ကားပေါ်ကနေ ဆင်းလိုက်သည်နှင့် သူအလာကို စောင့်နေပုံရသည့် အမျိုးသားတစ်ဦးက အနားကိုရောက်လာ၍ ပြောလာတာမို့...
"ကို.. ဘယ်သူ... sorry နာမည်နဲ့ မတွဲမိဘူး ဖြစ်နေတယ်..."
သူတို့ကုမ္ပဏီရဲ့ ဝန်ထမ်းဆိုတာ မင်းမြတ် မျက်မှန်းတန်းမိနေပေမဲ့... ဘယ်ဌာနကလဲ... နာမည် ဘယ်လိုခေါ်သလဲ ဆိုတာကိုတော့ သူ မသိတာမို့ အမှန်တိုင်းသာ ပြောလိုက်မိသည်။
"ကျွန်တော်က logistic team က မျိုးသူထွန်း လို့ ခေါ်ပါတယ်..."
"မှတ်ထားလိုက်ပါ့မယ်... ဒါနဲ့ ကိုမျိုးသူထွန်းက ကျွန်တော်နဲ့ ဘာကိစ္စများ ပြောစရာရှိလို့လဲ..."
"ကျွန်တော်တို့ ဒီနေရာမှာ ပြောလို့ အဆင်ပြေမှာ မဟုတ်ဘူး... အဲ့ဒါကြောင့်..."
"Ok လေ... ကိုယ်တို့ rooftop ကို သွားကြမလား..."
Company အဆောက်အဦးရဲ့ rooftop ကို ရောက်တဲ့အချိန်မှာ မင်းမြတ်သည်...
"ဒီနေရာမှာ ပြောလို့ ရပြီလား..."
"ကျွန်တော် သွယ်ဝိုက်မနေတော့ပဲ ကိုရှိန်းမင်းမြတ်ကို ဒဲ့ပဲ မေးပါတော့မယ်... ကိုရှိန်းမင်းမြတ်နဲ့ ရွှေဇွန်သူက ဘယ်လို ပတ်သက်မှုမျိုးလဲဆိုတာ ကျွန်တော် သိချင်ပါတယ်..."
"ကျွန်တော်တို့ နှစ်ယောက်က ဘယ်လို ပတ်သက်မှုမျိုးပဲဖြစ်ဖြစ် ကိုမျိုးသူထွန်းနဲ့ ဘာဆိုင်လို့..."
မျှော်လင့်မထားတဲ့ မေးခွန်းကို အမေးခံလိုက်ရတာကြောင့် မင်းမြတ် ပြန်၍ မေးခွန်းထုတ်လိုက်မိပေမဲ့ တဝက်တပျက်နှင့် ရပ်တန့်သွားရပြီး... ယောကျာ်းအချင်းချင်းမို့ မျိုးသူထွန်း ဘာကို လိုချင်နေလဲဆိုတာကို အလိုလို နားလည်လိုက်စွာဖြင့်... မင်းမြတ် တစ်ယောက် ချက်ချင်းဆိုသလို မျက်ခုံးတွေ တွန့်ချိုးသွားရ၏။
YOU ARE READING
Romance(Unicode) "ဒီပါမင်းမြတ်" အချစ်လား?... အချစ်ကို ကိုးကွယ်ခဲ့တဲ့လူတချို့ကြောင့် ဒဏ်ရာတွေနဲ့ ရှင်သန်ခဲ့ရတဲ့သူမို့ ချစ်သူ/ရည်စားဆိုတဲ့ ဆက်ဆံရေးကို မြည်းစမ်းကြည့်ယုံလေးသာ စမ်းသပ်ကြည့်ခဲ့တဲ့ ကျွန်တော့်အတွက်တော့... စိတ်ဝင်စားဖို့ကောင်းတဲ့ မိန်းကလေ...