Part..3

3.5K 159 14
                                    

ရောင်လွင်က လမ်းမထက်မှာတရွေ့
ရွေ့လျှောက်လာရင်း လူ​ခြေတိတ်ချိန်
ရောက်နေပြီဖြစ်တာကြောင့် ကားငှား
ရန်လည်းမလွယ်သလို သူခြေလက်များ
ကလည်း မသယ်ချင်လောက်အောင်
စိတ်ပင်ပန်း လူပင်ပန်းဖြစ်နေ၍ လမ်း
ဘေး ပလက်ဖောင်းရှိမီးတိုင်အောက်
မှာသာ ထိုင်ချလိုက်မိသည်။
ကောင်းကင်ကြီးကိုမော့ကြည့်လိုက်
ပြီး လခြမ်းကွေးလေးကိုတွေတော့
သူဆက်ပြီးငေးကြည့်နေသည်။
လက်ထဲက စီးကရက်ကိုတ​မြေ့မြေ့
ဖွရှိုက်ရင်း သူ့အတွေးများကလည်း
ဟိုလွှင့်ဒီလွှင့်။ အိမ်မှာကျန်နေသည့်
ဖွားကိုလည်း သူအိမ်ပြန်မိုးချုပ်မှာ
ကြောင့် စောင့်မနေဖို့နဲ့ ဆေးသောက်
ဖို့မမေ့ရန် မှာပြီးပြီ ဖြစ်တာကြောင့်.
အချိန်ထိ လမ်းမှာ စိတ်ပျက်လက်
ပျက် ထိုင်နေခြင်းဖြစ်သည်။

သူငယ်ချင်းလေး ရှားရှားပါးပါး
နှစ်ယောက်ရှိတာ တစ်ယောက်က
သူ့ကိုထားပြီး LA ကို ကိုရွိုင်းနဲ့အတူ
ထွက်သွားခဲ့ပြီ။ အနားမှာကျန်ရစ်ခဲ့တဲ့
မိုးမြေ ကိုလည်း ဒီအချိန်ကြီးဒုက္ခ
မပေးချင်တာ​ကြောင့် ဖုန်းဆက်
မခေါ်ဖြစ်။

လက်ကျန်စီးကရက်ကို အပြီးသတ်
ဖွာရှိုက်ပြီးချိန်မှာတော့ သူ့အရှေ့မှ
အရှိန်နှေးနှေးနှင့် ဖြတ်သွားသော
ကားဖြူတစ်စီးကြောင့် ဟက်ခနဲရယ်
ချလိုက်မိတယ်။ သူ့မျက်နှာရှေ့မှာ
ဝေ့ဝဲနေသည့်ဆေးလိပ်ငွေ့များကြား
ထိုကားထဲမှာ​ပါသည့် လူကို သူကောင်းကောင်းကြီး မြင်လိုက်ရတယ်။
Love seat မှာထိုင်နေတဲ့အမျိုးသမီးက သူ့ကိုသေသေချာချာကို စောင်းငဲ့ကြည့်သွားတာကိုလည်း မြင်လိုက်တယ်။
မောင်းနှင်နေသူက​တော့ သူအချစ်ရ
ဆုံးသူငယ်ချင်း ဖြစ်သူရဲ့အကို၊
သူကသာလျှင်တစ်ဖက်သတ် ချစ်နေ
ရတဲ့ကိုနိုင်း။ သူ့ကိုစောင်းငဲ့ကြည့်ဖို့
မဆိုနှင့် သူကိုမြင်သည်ပုံတောင်
မပေါ်ပေ။

"မင်းပြန်တော့"

ညအချိန်ကြီးရောက်မှ ထိုစကားတစ်
ခွန်းတည်းနှင့် သူ့ကို နှင်လိုက်တဲ့
ကိုနိုင်းက ချိန်းဟေသာ ဆိုသည့်
အမျိုးသမီးကိုတော့ ကားပေါ်မှာတင်
ပြီး အိမ်ကိုပြန်ပို့ပေးသည်တဲ့လေ။

ခွင့် / ခြင့္ ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now