Part...6

3.1K 165 37
                                    

ရောင်လွင့်ဆီဖုန်းခေါ်၍မရတာကြောင့်
မိုးမြေ မှာ တနေကုန်ဂနာမငြိမ်နိုင်
ဖြစ်နေရသည်။ အခုဆိုညနေတောင်
စောင်းနေပြီလေ။ misscall များစွာ
ဝင်ထားတဲ့ သူ့ဖုန်းနံပါတ်ကို ပြန်ခေါ်
ပေးသင့်သည်မဟုတ်လား။
ချစ်ရတဲ့သူနဲ့အတူရှိနေချိန်မှာ သူ့ကို
များလုံးလုံး မေ့ထားသည်လားဆိုတဲ့
စိတ်က သူ့ကိုသတ်နေသဖြင့် ဆုပ်ခြေ
နေမိရာလက်ဖဝါးမှာလည်း ချွေးစေး
တို့စို့နေပြီဖြစ်တယ်။ သူ့မှာဘယ်ကို
လိုက်ရှာလို့ လိုက်ရှာမှန်းမသိတာ
ကြောင့်အိမ်မှာ ထိုင်နေရသည်ကို
လည်း.အားမလိုအားမရဖြစ်နေသည်။

"ငါမင်းကိုစိတ်မချဘူး"

ဘယ်နှစ်ကြိမ်မြောက်မှန်းမသိအောင်
ရေရွတ်လိုက်မိမှန်းမသိတဲ့ သူရဲ့စကား
သံဟာ တိတ်ဆိတ်နေတဲ့ ဧည်ခန်းကြီး
ထဲမှာထွက်ပေါ်လာခဲ့သည်။

သူ့ရင်တွေတကယ်လေးနေတာ။
ရည်းစားလူလုအူနုကျွဲခတ်နေခြင်း
ကြောင့်မဟုတ်ဘဲ ရောင်ရောင်ကို
သူ့မှာစိတ်မချနိုင်ဖြစ်နေတာ။

ငါ့လည်းငါ့အတ္တနဲ့ငါပါသူငယ်ငယ်ချင်း
ချစ်သူ။ မင်းကိုငါ့လောက်မှမချစ်နိုင်
တဲ့လူ လက်ထဲမပေးလိုက်နိုင်ဘူး။
ငါထက်ပိုချစ်နိုင်တဲ့လူ လောကမှာ
မရှိနိုင်တာမို့ မင်းချစ်ရတဲ့သူက
မင်းအပေါ်မှာ ငါ့လောက်မှ မေတ္တာ
မထားနိုင်ရင် ငါမင်းကိုသူ့လက်ထဲက
နေလုယူရလိမ့်မယ် သူငယ်ချင်းချစ်သူ။

ဂနာမငြိမ်နိုင်အတွေးပွားနေစဥ်
အိမ်ထဲဝင်လာတဲ့ ကိုကိုကြောင့်အမူ
အယာကိုထိန်းရင်း နှုတ်ဆက်လိုက်တယ်။

"ကိုကို ဒီနေ့စောတယ်နော်"

"ဟုတ်လား...ကိုကို အလုပ်သိပ်မရှိလို့
ညီငယ်က အိမ်မှာကပ်လို့ပါလား"

မိုးမြေးကပြုံးရုံသာပြုံးလိုက်ပြီး
ကိုကို မျက်နှာကိုကြည့်လိုက်တော့
နွမ်းနယ်နေ၍ အမေးရှိလိုက်ပြန်တယ်။

"ကိုကို နေမကောင်းဘူးလား
အလုပ်ပင်ပန်းလို့လား"

"ဒီလိုပဲ နည်းနည်းစိတ်ရှုပ်နေလို့"

ပြောရင်းသက်ပြင်းရှိုက်ကာ သူ့ရှေ့က
ခုံမှာဝင်ထိုင်ရင်း ခေါင်းကိုနောက်မှီ
ချလျက် ငြိမ်နေသည်။

ခွင့် / ခြင့္ ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now