Part...7

2.8K 160 21
                                    

မင်းမသိအောင်ခိုးယူနမ်းရှိုက်မိတဲ့
ငါ့အနမ်းတွေက ရမ္မက်ကင်းတယ်။
မင်းမသိအောင်တိတ်တိတ်ကလေး
ချစ်နေမိတဲ့ငါ့အချစ်တွေက ရယူလို
စိတ်ကင်းတယ်။ မင်းအတွက် ရည်စူး
တဲ့ ငါ့ဆုတောင်းတွေက အတ္တကင်း
တယ်။ မင်းအပေါ်ထားတဲ့ငါ့ရဲ့ချစ်ခြင်းမေတ္တာက ရယူခြင်းကင်းတယ်သူငယ်ချင်းချစ်သူ။

အဖျားကျသွားပြီ​ဖြစ်တဲ့ကိုယ်လေးကို
မိုးမြေက ထွေးဖက်ရင်းပြုံးနေမိတယ်။
တစ်ညလုံး ဂရုတစိုက်နဲ့ သူရဲ့ပြုစုမှု
ကြောင့် ဒီအရှုပ်ထုတ်လေးက အဖျား
ကျပြီး သက်သာသွားရပြီ။
အခုငမွှေထိုးလေး သက်သာသွားပြန်
တော့ သူက နေမကောင်းဖြစ်ချင်နေပြီ။
တညလုံးမအိပ်ရသေးတဲ့အပြင်
ယောက်ျားတန်မဲ့ ရှိုက်တက်သည်အထိ
မနားတမ်း ငိုကြွေးခဲ့သည်လေ။
အခုဆို ခံနိုင်ရည်မရှိတဲ့နှလုံးသားလေး
ကြောင့် ပစ်လဲပြီး ဘုန်းဘုန်းလဲလိုက်
ချင်ပေမယ့် ငမွှေထိုးအတွက်သူရှိနေ
ရအုံးမယ်လေ။ ရှေ့မှာမားမားမတ်မတ်
ရပ်ပြီးကာကွယ်ရအုံးမယ်။ ပြိုလဲသွား
ခွင့်မရှိသေးဘူး။ သူတောင့်ခံရအုံးမယ်။

ရင်ခွင်ထဲကရောင်လွင်က အနည်းငယ်လှုပ်လာပြီး သူ့မျက်နှာကိုလက်နှင့်
အသာစမ်းလာသည်။ မျက်လုံးတော့
မဖွင့်သေးပေ။

"ဟင်း...မိုးမြေလား"

"ငါမဟုတ်ရင် ဘယ်သူဖြစ်မလဲ
ဘယ်သူဖြစ်စေချင်လို့လဲ"

"မင်းကလွှဲပြီး ဘယ်သူရှိသေးလို့လဲ
ယက္ခလည်း ငါ့ကိုအခုလို ဖက်မအိပ်
ဘူးလေ"

ရောင်လွင်ကပြောရင်း သူကျောချထား
ရာမွေ့ယာမှာအိစက်လွန်းနေ၍ သူ့အိမ်
မှာ မဟုတ်ဘူးဆိုတဲ့အသိဝင်ကာ
မိုးမြေရင်ဘတ်ကို တွန်းပြီးဆတ်ခနဲ
ထထိုင်သည်။

"ဟမ်!...ငါဘယ်ရောက်နေတာလဲ"

"ဖြေး​​​ဖြေးထကွ မူးလိမ့်မယ်"

"_ီးဖြစ်လို့ မင်းအိမ်ကိုခေါ်လာ
တာလား"

"မိုးလင်းလာတာနဲ့အဆဲနဲ့စနေလိုက်"

ရောင်လွင်ကညစ်ထွေနေသောမျက်နှာ
နှင့် မိုးမြေကိုလှုပ်ရမ်းလို့ထခိုင်းပြန်
သည်။

ခွင့် / ခြင့္ ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now