Part...15

2.5K 160 14
                                    

ပေးတိုင်းပြန်ရမယ်ထင်ပြီး သူက
ကိုယ့်ကိုအမုန်းတွေချည်းပေးခဲ့တာ
ကိုယ်ကလည်း အချစ်တွေကိုဇွတ်ပေး
ခဲ့တာ လမ်းတစ်ဝက်မှာ အချစ်တွေက
မွစာကြဲလို့...။

"ခင်ဗျားကသိပ်မုန်းစရာကောင်းတဲ့
လူပဲ...ခင်ဗျားမှာ နှလုံးသားမရှိဘူး
ခင်ဗျားရဲ့ဒီနေရာက တွင်းနက်တစ်ခု
လိုပဲ"

ဝဲရင်အုံကိုလက်ညိုးနဲ့ထိုးလာပြီးပြော
လာတဲ့ရောင်လွင့်စကား​ကြောင့် နိုင်း က
နှုတ်ခမ်းတစ်ခြမ်းသာ ကော့ညွှတ်ရုံမျှ
ပြုံးလိုက်ပြီး သူ့ရင်ဘတ်မှာရောက်နေ
တဲ့လက်ညိုးကို ဆုပ်ကိုင်လိုက်တယ်။
ကျန်လက်တစ်ဖက်က သူ၏နှာရိုးပေါ်
မှ လျောဆင်းနေတဲ့မျက်မှန်ကို ပင့်တင်
တယ်။

"ဒီမှာ"

"ကိုယ်ပြောတဲ့စကားကိုသေချာ
မှတ်ထား၊အရိုးထဲဆွဲတဲ့အထိမှတ်ထား"

သူအားအံကြိတ်လျက်ကြည့်နေတဲ့
ကောင်လေးကြောင့် တစ်ချက်ပြုံးရင်း
ခေါင်းခါရမ်းလိုက်တယ်။

"လူသားတွေဆိုတာ ကံကြမ္မာဆိုတဲ့
ယာဥ်နဲ့ခရီးသွားနေတာ။ အဲ့ဒီယာဥ်ကို
ထိန်းသိမ်းဖို့ နှလုံးသားနဲ့ဦးနှောက်
ရှိတယ်။ ဘဝဆိုတဲ့လမ်းမှာ ကြုံတွေ့
ရမယ့်လူတွေက ကိုယ့်ဆီမှာ လမ်းကြုံလိုက်စီးကြတာပဲ"

"ဦးနှောက်နဲ့နှလုံးသားကိုနေရာချတတ်
ဖို့လိုတယ်။ အဓိကနေရာ မှာနှလုံးသား
ကို ထားလိုက်ရင် လမ်းတစ်လျှောက်မှာ
သေရာပါ ဒဏ်ရာပါသွားမယ်။
နာကျင်ရမယ်ပေါ့ကွာ"

"ဦးနှောက်ကိုထားမယ်ဆိုရင်တော့
​နာကျင်မှုကင်းမယ်။ လမ်းကြုံလိုက်စီး
သူလည်းပျော်မယ် ကိုယ်လည်း မနာ
ကျင်ရတော့ဘူး"

"ကိုယ်ပြောချင်တဲ့အဓိပ္ပါယ်ကို
နားလည်လား"

နားလည်လားမေးလာတဲ့ နိုင်းကြောင့်
ရောင်လွင် က တစ်ချက်ပြုံးလိုက်ပြီး
ဆုပ်ကိုင်ခံထားရတဲ့ လက်ညိုးကို
ရုန်းထွက်လိုက်သည်။ ပြီးနောက်
ခုံတွင်လျော့တိလျော့ရဲမှီကာ သူ့ကို
မော်ကြည့်နေတဲ့ကိုနိုင်း ​ကိုကြည့်သည်။
သူ့အတွက် ဗလာနတ္တိဖြစ်နေတဲ့
မျက်ဝန်းနှင့်ဆုံတော့ သူ့နှလုံးသား
ဟာလည်း လေဟာနယ်ထဲလွှင့်မျော
သွားသလို ဘာဆိုဘာခံစားချက်ကိုမှ
ခံစားနိုင်စွမ်းမရှိတော့ပါ။
သူရဲ့ဘယ်ဘက်ရင်အုံထဲမှာလည်း
ဘာမှမရှိတော့သလို ဟင်းလင်းပြင်
တစ်ခုအလားဖြစ်သွား၏။

ခွင့် / ခြင့္ ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now