Final

7.7K 213 27
                                    

ကိုကို ဒဏ်ရာတွေများသွားမှာစိုးရိမ်လို့
ကိုယ့်စိတ်ကိုကိုယ် မညာဖို့သတိပေးခဲ့
တာတောင် အချိန်မမှီခဲ့ဘူး။ ကိုကို့ရဲ့
ခံယူချက်နဲ့အယူအဆတွေက တစ်ဖက်
သတ်ဆန်လွန်းပြီး ကိုယ့်ဒဏ်ရာကိုကိုယ်
ဖန်တီးမိနေသလို ဖြစ်နေတာ သိရဲ့လားနဲ့
အမြဲခေါင်းမာနေတုန်းပဲ။ ထက်မြက်လွန်း
မလိုနဲ့ ကိုကိုက ဇွတ်တရွတ်ဆန်လွန်း
လိုက်တာ။ ကိုကို က နောင်တတွေတပွေ့တစ်ပိုက်ချည်းနဲ့ ရှင်သန်နေရတော့မှာ
သိရက်နဲ့ ဘာလို့ထပ်ပြီးရူးမိုက်ချင်နေ
ရတာလဲ။

မိုး​မြေက သက်ပြင်းရှိုက်ချလိုက်ပြီး
ဖုန်းကိုစပီကာဖွင့်ကာ ကုတင်ထက်ချ
ကာ ဆံပင်တွေကိုထိုးဖွရင်း တစ်ဖက်မှ
သူ့စကားကိုနားထောင်နေတဲ့ နိုင်းအား...

"လက်ထပ်ခြင်းဆိုတာဘဝရဲ့အဆုံး
သတ်တစ်ခုလို့ထင်နေတာလား ကိုကို
ချိန်းဟေသာနဲ့ လက်ထပ်ဖို့ လွယ်လင့်
တကူလက်ခံလိုက်လည်း ကိုကို ခံစားနေ
ရတဲ့ ဝေဒနာတွေကပျောက်သွားမှာ
မဟုတ်ဘူး"

"ညီငယ်မှားနေပြီ ကိုကို့မှာခံစားရတာ
ဘာမှရှိမနေဘူး"

"ဟင်း...ကျွန်တော့်ကိုသာ ညာပစ်လို့ရ
ပေမယ့် ကိုယ့်ကိုယ့်ကိုတော့ဘယ်တော့မှ
ညာလို့မရဘူး ထားပါ ကျွန်တော်ပြောချင်
တာတစ်ခုပဲရှိတယ်"

"ကိုကို့ရဲ့ အစိုးမရတဲ့စိတ်ကြောင့်
တစ်ဖက်ကမိန်းကလေးကို အသုံးမချ
ပါနဲ့ နိုင်းမြေပြည့်စုံ ဆိုတဲ့ ဂုဏ်ပုဒ်နဲ့
မိန်းမတစ်ယောက်ရဲ့ဘဝကို မစိုးမိုး
လိုက်ပါနဲ့ ကိုကို သူမ ကိုမှမချစ်တာ..."

"လက်ထက်ပြီးမှ အချစ်ကိုဖန်တီးယူ
မယ် ညီငယ်သာပြန်လာခဲ့တော့ ညီငယ့်
ကို ရှိနေစေချင်တယ်"

"ကျွန်တော်မလာဘူး လက်ထပ်ခြင်းကို
အကြောင်းပြပြီး ကိုယ့်စိတ်ကိုသတ်နေ
မယ့် ကိုကို့မျက်နှာကို မမြက်ရက်ဘူး"

"ပြည့်စုံ မင်းပြောရမခက်နဲ့!"

ဒေါသရိပ်တို့ပြည့်နှက်လာတဲ့နိုင်း၏
အသံကြောင့် မိုးမြေကထပ်မံလို့သက်
ပြင်းရှိုက်ပြန်သည်။

"အချစ်အပေါ်ထားတဲ့ ကိုကိုရဲ့ခံယူ
ချက်က အရမ်းပေါ့ပျက်လွန်းတယ်"

ခွင့် / ခြင့္ ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Tempat cerita menjadi hidup. Temukan sekarang