"ငမိုး...အခုလာလို့"
"ရောက်ခါနီးပါပြီကွ"
"ok...ok"
ရောင်လွင်ဖုန်းချသွားတော့မှမိုးမြေက
ပြုံးလိုက်ရင်း ကားကိုလည်းအရှိန်
ထက်တင်လို့ လမ်းချိုးထဲကွေ့ချကာ
ရောင်လွင်ဆီအမြန်ရောက်ဖို့ ဖြတ်လမ်း
များကို စိတ်ထဲမှာတွက်ချနေသည်။"အရှုပ်ထုတ်လေး"
ငမွှေထိုးလေးကဘာတွေပျော်စရာ
ရှိနေလည်းမသိ သူ့ကိုဖုန်းဆက်ချိန်း
နေတာများ တက်တက်ကြွကြွ။
မနေ့က အပူတပြင်းနဲ့ရန်တွေဖြစ်နဖူး
ကွဲတာ ဒင်းမဟုတ်သည့်အတိုင်းပင်။အခုက နေ့လည်ရောက်နေပြီဖြစ်တာ
ကြောင့် ထမင်းဆိုင်မှာသူ့ကိုချိန်းလာ
သဖြင့် မိုးမြေလည်း စားလက်စထမင်း
ကို ပစ်ချကာထွက်လာခဲ့ရခြင်းဖြစ်တယ်။
ချိန်းထားသည့်နေရာရောက်တော့
ကားပါကင်ကိုသွက်သွက်ထိုးလိုက်ပြီး
ဆိုင်ထဲသို့ဝင်လာကာ အရှုပ်ထုတ်လေး
ကို ဝေ့ဝိုက်ရှာလိုက်တော့ ထောင့်ကျ
သည့်စားပွဲဝိုင်းတွင်ထိုင်လျက် ဟင်း
နှိုက်စားနေသည်ကို တွေ့လိုက်ရ၏။
မိုးပြာရောင်စပို့ရှပ်ပွပွထဲ အကောင်
သေးသေးကမြုပ်နေပြီး တူတစ်ချောင်း
နဲ့ ဟင်းနှိုက်စားနေပုံက ဘာထူးခြား
မှုမှ ရေရေရာရာမရှိဘဲ သူ့အသည်းထဲ
လှိုက်ယားလာကာ ဆွဲဆောင်ခါရမ်း
ပစ်ချင်စိတ်က ချစ်စိတ်ကြောင့်ပေါ်
လာတဲ့ အသည်းယားမှုတစ်ခုလား။"မောင့်မိန်းမက မောင့်ကိုတောင်
မစောင့်ဘဲစားနေပြီလား""_ီး...မနေနိုင်လို့တစ်ခုလေးနှိုက်စား
တာပါကွ...ကဲပါ...ထိုင် မျိုတော့"မျက်စပစ်ကာထိုင်ခိုင်းပြီး အသင့်
ရောက်နေပြီးသား ထမင်းပန်းကန်ရှေ့
ဇွန်းခရင်းကိုချပေးလာတယ်။"ငါ့အကြိုက်တွေချည်းပါလား"
"ဒါပေါ့ မင်းကိုကျွေးချင်လို့လေ"
"စောက်ကြီးစောက်ကျယ်နဲ့"
"မမျိုချင်ရင် ထသွားလိုက်"
"အလကားစတာကို မောင့်မိန်းမက
စိတ်ကြီးပဲ""ငမိုး!"
YOU ARE READING
ခွင့် / ခြင့္ ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳
Non-Fiction(U) မိုးမြေပြည့်စုံ နိုင်းမြေပြည့်စုံ ခက်ရောင်လွင် 🎼ဘဝရဲ့ခဏတာအချိန်မှာမင်းအတွက် တစ်ဘဝစာဖြစ်ဖြစ် မင်းအတွက် ခဏတာဖြစ်ဖြစ် ချွေးသိပ်နားခိုရာ...ငါ....🎼 . . (Z) မိုးမြေပြည့်စုံ နိုင်းမြေပြည့်စုံ ခက်ရောင်လွင် 🎼ဘဝရဲ့ခဏတာအချိန်မှာမင်းအတွက် တစ်ဘဝစာဖြစ်ဖြစ်...