Part...18

2.9K 159 13
                                    

ဆေးရုံရှေ့ရောက်လာတဲ့ နိုင်း၏ကား
ကိုလှမ်းမြင်လိုက်တာကြောင့် ရောင်လွင်က လူတစ်ကိုယ်စာ လုံလောက်အောင်ကွယ်နိုင်သည့် ပန်းအိုးကြီအနောက်
လျှင်မြန်စွာဝင် ပုံးကွယ်နေလိုက်သည်။
လှုပ်ရှားလွန်းနေသည့် စိတ်ကြောင့်
အောက်နှုတ်ခမ်းကို တတိတိကိုက်ခဲနေ
မိတာသည်မှာ သွေးများစု ဖူးယောင်လု
မတတ်ဖြစ်နေလေပြီ။

ငါ့ရဲ့အ​ကြောက်တရားက တကယ်ဖြစ်
လာပြီ သူငယ်ချင်းရယ်။ ငါ့ရဲ့အဖြစ်
မှန်ကို မင်းသိသွားမှာ သိပ်ကြောက်ခဲ့
တာ။ အခု...အရာအားလုံးငါလွှတ်ချပြီး
အတိတ်ဆိုး ဖြစ်ရပ်ဆိုးကြီးကနေ ရုန်း
ထွက်ခဲ့နိုင်ခဲ့ပြီးမှ မင်းကသိသွားခဲ့ပြီ။
ငါ့ကြောင့်...မင်းတို့ညီအစ်ကိုနှစ်ယောက်
ကို အချင်းမများစေချင်တာ စေတနာ
အမှန်ပါ။ အခုရောဘာတွေဖြစ်နေမလဲ။

"ရောင်လွင်"

ပခုံးကိုပုတ်ကာ ခေါ်ခံလိုက်ရတာ
ကြောင့်အသိဝင်လာပြီး မော့ကြည့်လိုက်ရာ ယက္ခဖြစ်နေသည်ကြောင့် လက်နှစ်ဖက်ကို အလောတကြီးဆုပ်ကိုက်မိသည်။

"ယက္ခ...မိုးမြေ...မိုးမြေရော သတိရလာ
ပြီလား အ​ခြေနေဘယ်လိုလဲ"

"အကုန်ကောင်းတယ် သတိလည်း
ရလာပြီ ဘာမှမဖြစ်တော့ဘူး"

"ပြီးတော့...နိုင်းမြေပြည့်စုံလည်းရောက်
နေတယ်"

"ငါတွေ့တယ်"

ယက္ခ က သူ့ပခုံးစွန်းကို တစ်ချက်ဖျစ်
ညစ်ပြီး ဆေးရုံးအရှေ့မှ လက်ဆွဲခေါ်
လာသည်။

"ဟို...မင်းပြန်တော့လေ ကိုရွိုင်းလည်း
ပါတော့..."

"သူ့ကို ခေါက်ထားလိုက်စမ်းပါ"

ယက္ခ၏အပြောကြောင့်ရောင်လွင်က
အနောက်မှာ ကပ်ပါလာသည့် ရွိုင်း ကို
အားနာသလို တစ်ချက်ကြည့်မိတော့
ဘာမှမဖြစ်ကြောင်း ခပ်ရေးရေးပြုံးကာ
ခေါင်းခါပြလာ၍ စိတ်သက်သာသွား၏။

ညကလည်းတော်တော်လေးနက်နေပြီ
ဖြစ်တာကြောင့် ဆေးရုံရှေ့က 24 hrs
mini store ထဲဝင်ကာ ထိုင်လိုက်ကြသည်။ ငူငိုင်လို့ လက်သည်းထိပ်တွေကို ခွာနေတဲ့ သူ့ရဲ့လက်ချောင်းတွေကို
ယက္ခ က ဆွဲ​ဖြည်လာပြီး စိမ့်ထွက်နေ
သည့် သွေးများကို ခေါင်းတရမ်းရမ်းခါလျက် သုတ်ဖယ်ပေးလာသည်။

ခွင့် / ခြင့္ ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Tempat di mana cerita hidup. Terokai sekarang