ရောင်လွင်မှာ အိပ်နေရင်းသူ့မျက်နှာ
ပေါ် ဖြာကျလာတဲ့ နေရောင်ကြောင့်
မျက်ခုံးတန်းများစုကျုံ့လို့ လူးလွန့်
လာသည်။ ထိုသည်ကိုမြင်တဲ့ မိုးမြေက
လက်ထဲက ထမင်းကြော်ပန်းကန်ကို
သစ်သားဘီဒိုပုလေး အပေါ်လွယ်လင့်
တကူတင်လိုက်ပြီး ကုတင်ပေါ်သို့
တက်ကာ ရောင်လွင့်ဘေးတွင်
တစောင်းဝင်လှဲသည်။ လက်ဖဝါးကို
ဖြန့်လို့မျက်နှာပေါ်ကျနေသည့် နေရောင်
ကို ကာပေးလိုက်တယ်။ ကျန်လက်တစ်
ဖက်ကတော့ ခေါင်းရင်းက လိုက်ကာ
စကို ခပ်သွက်သွက် ဆွဲပိတ်နေတယ်။
သို့ပေမယ့် နိုးသွားပြီဖြစ်တဲ့ ရောင်လွင်
က သူ့ကိုမျက်လုံးများ မှေးကျဥ်းလို့
မော့ကြည့်လာတယ်။"ကျွတ်...ကျွတ် မောင့်မိန်းမလေး
ပြန်အိပ််တော့""ချီးပဲ"
ခပ်တိုးတိုးဆဲရင်း သူ့ဘက်သို့စောင်း
လှည့်လာကာ ခါးကိုဖက်လာပြီး
ပေါင်တစ်ချောင်းနှင့်လည်း ခွလာ
သည်။နိုးရင်ချက်ချင်းတန်းမထဘဲ ဇိမ်ခံ
နေတဲ့ရောင်လွင်ရဲ့ အကျင့်ကိုသိပေ
မယ့် အဖက်ခံရတိုင်း မရိုးအီနိုင်အောင်
ခုန်လာတဲ့နှလုံးသားလေးမှာ စည်းချက်
တွေ ဂပြောင်းဂပြန်ဖြစ်လို့။
သူ၏ ဝဲရင်အုံအနား တိုးကပ်လာတဲ့
မျက်နှာလေးကြောင့် မိုးမြေတစ်ကိုယ်
လုံး တောင့်တင်းသွားပြီး အံတစ်ချက်
ကြိတ်လိုက်မိတယ်။ဒီလောက်နီးကပ်နေတာ ကျယ်လောင်
စွာ မြည်ဟီးပြနေတဲ့ နှလုံးခုန်သံတွေ
ကို ရောင်ရောင် ကြားသွားတော့မယ်
လေ။"မင်းကော်ဖီတွေအများကြီးသောက်
လိုက်တာလား"ဟော့...မေးလာပါပြီ။ ဒီခပ်တုံးတုံး
ကောင်လေးကို သူ့မှာချစ်ရတာလည်း
တကယ်မလွယ်ကူဘူး။ ပိန်းအတယ်
သည်ဆိုသည်ထက် ရိုးလွန်းတာ
သူ့သူငယ်ချင်းလေးချစ်သူလေးက။"ငမိုး...သေပြီလား"
"မင်းကိုမှ မယူရသေးတာ
သေစရာလားကွာ""မင်းနဲ့စောက်စကားအကောင်း
ပြောလို့မရဘူး...ဖယ်တော့"လာဖက်တာလည်းသူပဲ။ ဆောင့်တွန်း
သွားပြန်တာလည်း သူပဲ။ တကယ့်
လူပုစိတ်တိုလေးကိုမှ သူမှာလည်း
ဘာတွေချစ်သွားမှန်းကိုမသိတာ။

KAMU SEDANG MEMBACA
ခွင့် / ခြင့္ ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳
Nonfiksi(U) မိုးမြေပြည့်စုံ နိုင်းမြေပြည့်စုံ ခက်ရောင်လွင် 🎼ဘဝရဲ့ခဏတာအချိန်မှာမင်းအတွက် တစ်ဘဝစာဖြစ်ဖြစ် မင်းအတွက် ခဏတာဖြစ်ဖြစ် ချွေးသိပ်နားခိုရာ...ငါ....🎼 . . (Z) မိုးမြေပြည့်စုံ နိုင်းမြေပြည့်စုံ ခက်ရောင်လွင် 🎼ဘဝရဲ့ခဏတာအချိန်မှာမင်းအတွက် တစ်ဘဝစာဖြစ်ဖြစ်...