အခန်းထဲရောက်လာပြီဖြစ်တဲ့ မိုးမြေ
ကြောင့် နိုင်းက သူထိုင်နေရာ စားပွဲ
အောက်မှကောင်လေးကို မျက်လွှာချ
လျက်ကြည့်လိုက်မိတော့...ပါးစပ်ကို
လက်တစ်ဖက်နှင့်အတင်းဖိအုပ်ထား
ပြီး အသံသေးသေးလေးထွက်သွားမှာ
ကိုတောင် တော်တော်လေးကြောက်
နေဟန်ဖြစ်နေသည်။ ကျန်လက်တစ်
ဖက်ကလည်း သူပေါင်ကိုအတင်းကြီး
ဆုပ်ကိုင်ထားတာများ လက်သည်းတွေ
နဲ့တောင် ထိုးဖောက်လုလုဖြစ်နေကာ
ကြောက်လန့်တကြားဟန်အပြည့်ဖြစ်
နေသည်။"ကိုကို"
"အာ့"
"ဟမ်...ဘာဖြစ်တာလဲ"
ညီငယ့်အသံကြားတော့ စားပွဲအောက်
မှ ကောင်လေးဟာ စိတ်လှုပ်ရှားပြီး
သူ့ပေါင်ကိုကုတ်ဖဲ့လိုက်သည်ကြောင့်
နှုတ်မှထုတ်သည်းမိလိုက်၏။"ခေါင်းနည်းနည်းကိုက်လာလို့"
"နေမကောင်းဘူးလား ဆေးသောက်
မလားကိုကို...မင်းထက်ကိုခေါ်လိုက်
ရမလား"စားပွဲအနားသို့လျှောက်လာပြီးသူ့ကို
စိုးရိမ်သောမျက်ဝန်းများနှင့်ပြော
လာတဲ့ညီငယ့် ကို လက်သာကာပြ
လိုက်ပြီး သူ့ရှေ့စားပွဲမှခုံမှာဝင်ထိုင်ရန်
မျက်စပစ်ပြလိုက်တယ်။"မနက်ဖြန် ကိုကိုနဲ့ (xxx) မှာလုပ်မယ့်
ပွဲကိုလိုက်ခဲ့လေ""လိုက်မှာပေါ့"
ရောင်လွင် တာဝန်ကျသည့်နေရာဖြစ်
နေ၍ မိုးမြေကချက်ချင်းပင်ရွှင်ပြသော
မျက်နှာနှင့် လက်ခံပစ်လိုက်တယ်။
အရင်ကဆိုသုံးလေးခါပြောရင်တောင်
အလုပ်နဲ့ပတ်သတ်ရင် မလိုက်ချင်ရင်
မလိုက်ကြောင်း ပြောတတ်သဖြင့်
အခုတော့ ကိုကို က သူ့ကိုအထူးဆန်းသဖွယ်ကြည့်လာ၍ ပြုံးပြရင်း စားပွဲ
ပေါ်အကြည့်ရောက်သွားချိန်မှာတော့
သူ့အပြုံးများဟာ ပျောက်ကွယ်သွားသည်။သော့ချိတ်လေး...ရောင်ရောင့်ရဲ့သော့
ချိတ်လေး မှားနိုင်စရာမရှိဘူး။
သူဝယ်ပေးထားတာ မှတ်မိတာပေါ့။
လမ်းလျှောက်ရင် ခုန်ဆွခုန်ဆွလုပ်ပြီး
လျှောက်တတ်တဲ့ ကောင်လေးကြောင့်
ကျောပိုးအိတ်မှာသော့ချိတ်တွေ
လှုပ်ခတ်နေတာကို နောက်ကနေလိုက်
ရင်း ကြည့်ရတာကို သဘောကျလွန်းလို့
သော့ချိတ်မျိုးစုံကို အမြဲဝယ်ပေးနေကျ။
သူဝယ်ပေးသမျှထဲမှာလည်း ရောင်ရောင်
က ဒီသော့ချိတ်ကို အကြိုက်ဆုံးမို့
အမြဲတတ်ထားနေကျ။
YOU ARE READING
ခွင့် / ခြင့္ ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳
Non-Fiction(U) မိုးမြေပြည့်စုံ နိုင်းမြေပြည့်စုံ ခက်ရောင်လွင် 🎼ဘဝရဲ့ခဏတာအချိန်မှာမင်းအတွက် တစ်ဘဝစာဖြစ်ဖြစ် မင်းအတွက် ခဏတာဖြစ်ဖြစ် ချွေးသိပ်နားခိုရာ...ငါ....🎼 . . (Z) မိုးမြေပြည့်စုံ နိုင်းမြေပြည့်စုံ ခက်ရောင်လွင် 🎼ဘဝရဲ့ခဏတာအချိန်မှာမင်းအတွက် တစ်ဘဝစာဖြစ်ဖြစ်...