မင်းဆီကအချစ်ကိုစစ်ခင်းယူရအောင်လည်းတစ်ဖက်ကငါ့အကိုတဲ့။
နောက်ပြောင်လွန်းတဲ့ကံကြမ္မာ
မင်းတစ်မျက်နှာညိုးမှာ သေလောက်အောင်ကြောက်တဲ့ငါ မင်းကိုငိုအောင်
လုပ်နေတာက ငါ့အကို။
ဟင်း...မင်းကိုဘဲငါကရွေးချယ်မှာသူငယ်ချင်းချစ်သူ ငရဲကျတဲ့အခါ မင်းအပြုံးကို မြင်ယောင်ပြီး ငါအားတင်း
ထားပါ့မယ်။မိုးမြေကလက်သီးကိုကျစ်ခဲနေအောင်
ဆုပ်လျက် စီးကျချင်နေသည့်မျက်ရည်
များကို ယောက်ျားဆိုသည့်မာန်နှင့်အား
တင်းကာထိန်းချုပ်ထားသည်။
ဧည့်ခန်းမှာ ထိုင်နေသည့် နိုင်းရဲ့ကျော
ပြင်ကိုရပ်ကြည့်နေမိရာမှ အကြည့်တို့
လွှဲလိုက်ပြီး အနားသို့သွားရန်ပြင်သည်။သူ ကိုကို နဲ့စကားပြောမှာရတော့မည်
လေ။ ခိုင်မာတဲ့ဆုံးဖြတ်ချက်လည်း
ချခဲ့ပြီးပြီ။ ကိုကို က ရောင်လွင့်ကိုဘယ်
တော့မှ တန်ဖိုးထားမှာမဟုတ်တာသူသိ
နေပြီလေ။ ဘာမှထပ်ပြီးမျှော်လင့်လို့
မရတော့ဘူး။ ကိုကို ဆီကနေသူလုယူ
ခြင်းမမည်တဲ့ အသိပေးပြီးအရယူခြင်းနဲ့
ရောင်လွင်ကို ရယူမှရတော့မည်။
ကိုကို သဘောကျသည်ဖြစ်စေ။
ကိုကို သဘောမကျသည်ဖြစ်စေ။"ကိုကို"
အပြင်ထွက်သွားရန်ပြင်နေသည့်နိုင်းက
သူ့ခြေသံကိုကြားသွားသည်နဲ့တူပါရဲ့။
ဒါကြောင့်ပဲ မိုးမြေက နိုင်းခြေလှမ်း
တွေ ရှေ့ဆက်လှမ်းမရအောင် အသံ
ပြုလိုက်တယ်။"အော်...ညီငယ်"
ကိုကိုကသိပ်ဟန်ဆောင်ကောင်းတာပဲ။
ခုနှစ်နှစ်လုံးလုံး ရောင်လွင့်ကိုသဘော
မကျဟန်နဲ့ သူနဲ့တောင်သူငယ်ချင်းမဖြစ်
စေချင်တဲ့ပုံစံမျိုး အမြဲတမ်းနှိမ်ဆိုပြော
ခဲ့ပြီး နောက်ကွယ်မှာတော့ ငွေကို ခုတုံး
လုပ် ရောင်လွင့်အနာဂတ်ကို ဘေးလူ
တွေ နည်းနည်းမှမရိပ်မိရအောင် ဖျက်စီး
နင်းခြေခဲ့တာပဲ ဒီလောက်ဟန်ဆောင်
ကောင်းတာလောက်တာကတော့ စာဖွဲ့
စရာရှိမနေပါဘူး။"ကျွန်တော် ပြောစရာ...အဲ့ဒါထက် စကားပြောချင်တယ်"
"အင်း"
နိုင်း က စောင်းငဲ့ကြည့်နေရာမှာသူ့ဘက်
ကိုလုံးလုံးလျားလျားလှည့်ကြည့်လာ
တာကြောင့် မျက်နှာချင်းဆိုင်အနေ
အထားဖြစ်သွားတယ်။

VOUS LISEZ
ခွင့် / ခြင့္ ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳
Non-Fiction(U) မိုးမြေပြည့်စုံ နိုင်းမြေပြည့်စုံ ခက်ရောင်လွင် 🎼ဘဝရဲ့ခဏတာအချိန်မှာမင်းအတွက် တစ်ဘဝစာဖြစ်ဖြစ် မင်းအတွက် ခဏတာဖြစ်ဖြစ် ချွေးသိပ်နားခိုရာ...ငါ....🎼 . . (Z) မိုးမြေပြည့်စုံ နိုင်းမြေပြည့်စုံ ခက်ရောင်လွင် 🎼ဘဝရဲ့ခဏတာအချိန်မှာမင်းအတွက် တစ်ဘဝစာဖြစ်ဖြစ်...