Part...11

2.5K 152 23
                                    

"သူအခုတလော...ဝမ်းနည်းနေတာ
မြင်ရတာ ငါ့ရင်ထဲမကောင်းဘူး"

"မင်းဖွင့်ပြောလိုက်တော့"

"သူ့ရင်ထဲမှာ တစ်စုံတစ်ယောက်
ရှိနှင့်နေတာသိရက်နဲ့ ငါဘယ်လိုပြော
ထွက်မှာလဲ"

"တောက်ခ်...စောက်ရေးမပါတာ"

တစ်ဖက်မှ ယက္ခ၏ဒေါနဲ့မာန်နဲ့ဖြစ်နေ
ပုံကိုကြည့်ရင်း မိုး​မြေက ပြုံးမိသည်။
ဒီကောင် နိုင်ငံခြားရောက်နေတာ
ကောင်းတာပဲ။ မဟုတ်ရင် စိတ်ကြီးတဲ့
ကောင်က သူ့လက်ကိုဆွဲပြီး ရောင်ရောင့်
အရှေ့ခေါ်သွားမှာ။ ဝန်ခံခိုင်းမှဖြင့်
မတွေးရဲစရာ။

ယက္ခ ဒေါသထွက်လည်း ထွက်ချင်
စရာပဲလေ။ လက်မှိုင်ကျနေတဲ့မိုးမြေ
ပုံစံက သူ့ကိုအားမရစေဘူး။
မိုးမြေပြည့်စုံ ဆိုတာ သူပြိုလဲနေတဲ့
အချိန်တုန်းကတောင် ဆွဲကူထူခဲ့ပြီး
အရာရာဖြေရှင်းနိုင်တဲ့ တက်ကြွတဲ့
လူငယ်လေး။ အခုလိုဖြစ်နေပုံက မြင်ရ
တာ သူကိုတကယ်အသည်းယားစေ၏။

"ငါပြန်လာရမလား"

"ဟာ...ဘောကိုပြန်လာ အေးဆေး
နေစမ်းပါကွာ"

"ငါ့ကိုလိုက်မလာစေချင်ရင်
အဲ့ဒီကောင်နဲ့ ငြိနေတာဘယ်ကကောင်
လည်း မင်းစုံစမ်းလိုက်တော့"

ယက္ခ၏အ​ပြောကြောင့် မိုး​မြေက
ဆံပင်များကိုလှန်သပ်ရင်းခုံမှာနောက်
မှီချလိုက်တယ်။

"နောက်ဆုံးပန်းခြံမှာ သူငိုနေခဲ့တဲ့
အချိန်ထဲက ငါစုံးစမ်းဖို့ဆုံးဖြတ်ခဲ့တယ်
ငါဆုံးဖြတ်လိုက်မှ တစ်ပတ်လောက်
ရှိပြီ အရှုပ်ထုတ်လေးက ငြိမ်နေတယ်"

"အဲ့ဒီ့ကောင် ဘာလို့ငါတို့ကိုမပြောဘဲ
တိမ်ချန်ထားတာလဲမသိဘူး"

"သူမှာလည်း အကြောင်းရှိမှာပေါ့ကွာ"

"ဒုန်း!"

"အေ...မင်းအဲ့လိုနားလည်ပေးနေ
နောက်ဆုံး မင်းကျန်ခဲ့လိမ့်မယ် ငမိုးရ"

မိုးမြေ၏အပြောကြောင့် ယက္ခက
မကျေမနပ်ဖြစ်ကာ စားပွဲကိုထုလိုက်
တော့ နစ္စ၏သားက မျက်လုံးဝိုင်းဝိုင်း
လေးတွေနဲ့ မော့ကြည့်လာတယ်။
ယက္ခက လန့်သွားတဲ့ကလေးကို
လက်တစ်ဖက်က ကလေးခေါင်းကို
ပွတ်သပ်ပေးလျက် စိတ်အေးဆေးပြီး
မိုး​​မြေကိုတော့ မျက်ခုံးတန်းများတွန့်ချိုးလို့ကြည့်နေသည်။

ခွင့် / ခြင့္ ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Onde histórias criam vida. Descubra agora