Part...2

4.6K 188 7
                                    

နိုင်းက စာရွက်တစ်ထပ်လိုက်ကို
ဟိုလှန်ဒီနှောလုပ်ရင်း စိတ်ရှုပ်လာတာ
ကြောင့် လက်ထဲကဘောပင်ကိုစားပွဲ
ပေါ်ဆောင့်ချလိုက်ပြီး နဖူးပေါ်မှ
ဆံပင်များကို သပ်တင်လိုက်သည်။
သူ့အတွေးထဲမှာ ညီငယ့်အ​ကြောင်း
များကသာပြည့်နေပြီး ကျောင်းစာ
အပြင် သင်ယူနေဆဲအလုပ်ကိုတောင်
ကောင်းကောင်းအာရုံမစိုက်နိုင်ပေ။
သူ့မှာလည်း ညီငယ်လေးတစ်ယောက်
သာ ရှိပေလို့ပေါ့။ မေမေသာ နှစ်ယော
က် သုံးယောက်လောက်မွေးပြီးချန်ခဲ့
ရင် သူ့ဘဝကတော့ မတွေးရဲစရာပင်။
တစ်ယောက်တည်းရှိလျက်နဲ့ မွှေနိုင်
လွန်းတဲ့ကောင်လေးက အခုလည်း
သူ့ကို အစိုးရကျောင်းကို ပြောင်းပေး
ပါရန် နပူနားဆာလုပ်နေလေသည်။

ကိုယ့်အဆင့်အတန်းနဲ့ကိုယ်မနေ
တတ်တဲ့ကလေးကို သူတော်တော်လေး
စိတ်တိုမိပေမယ့် မဆူရက်။
နေ့အနားညမနားစိတ်ကောက်သွားမှ
သူ့အတွက် မဖြစ်ချေဘူး။
ဘယ်လိုကနေဘယ်လို ဟိုဘက်ရပ်
ကွက်ထဲကကလေးတွေနဲ့ ခင်သွား
လည်းမသိ။ ပြောရဆိုရလည်းကြပ်
လာ၏။

"မင်းကို ကိုကိုဆူမိတော့မယ်"

ပြောရင်း နာရီကိုလှမ်းကြည့်လိုက်
တော့ ညနေ(၂)နာရီတောင်ထိုးတော့
မည်။ ထမင်းစားဖို့လည်းအခုထိ
ပြန်မလာသေး။ ဟိုကောင်လေး
ရောင်ရောင်လား ပြောင်ပြောင်လား
အိမ်မှာချည်း ကျောင်းပိတ်တိုင်း
သွားစားနေတာ ဘယ်နှစ်ပတ်တောင်
ရှိနေပြီလဲ။ နိုင်းလည်းဗိုက်ဆာရကောင်း
မှန်းအခုမှ သတိရတာကြောင့် ညီငယ့်
ကို ပြန်ခေါ်ပြီး အတူတူပြန်စားမည်ဟု
တွေးကာ ထွက်လာခဲ့သည်။

စက်ဘီးကိုထုတ်လိုက်ပြီး ညီငယ့်
ပြောပြထားသည့်အိမ်ကို ဦးတည်လို့
မောင်းလာလိုက်တယ်။ လမ်းတစ်ဝက်
ရောက်တော့ ညီငယ် နဲ့ ကလေးတစ်
ယောက်ကိုလှမ်းတွေ့လိုက်တာကြောင့်
စက်ဘီးကို အရှိန်တင်လိုက်သည်။
သူရောက်တော့တွေ့လိုက်ရသည်က
မြေမြင်ပေါ်ထိုင်ချကာ အော်နေတဲ့
ကလေးကိုညီငယ်က ချော့နေလေ၏။

"ပြုတ်ကျတာလား"

"ကိုကို"

"ဟင်"

ကားတွန်းရုပ်မျိုးစုံနဲ့လိမ္မော်ရောင်
ဘောင်းဘီလေးကို ပေါင်အထိလှန်
ထားသည်ကြောင့်နိုင်းလည်းကြည့်
လိုက်ရာ ဒူးမှာပွန််းပဲ့ရာဖြစ်နေပြီး
သွေးထွက်နေသဖြင့် စက်ဘီးပေါ်မှ
ဆင်းကာ ထိုကောင်လေးအရှေ့ထိုင်
ချလိုက်တယ်။

ခွင့် / ခြင့္ ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Tempat cerita menjadi hidup. Temukan sekarang