မိုးမြေက နဖူးမှစီးကျနေတဲ့သွေးများ
ကို တစ်သျှူးတစ်ထပ်ထုတ်ကာ သုတ်
လိုက်သော်လည်းခြောက်ကပ်နေသော
သွေးများဟာ ကုန်စင်အောင်မပြောင်
သွားခြင်းကိုတော့ သူဟာသတိမထားမိ။
ရောင်လွင် ရပ်စောင့်နေရာဘက်သို့
ကွေ့ကာ မောင်းလာသည်။
သူ့ကားရပ်သည်နှင့် ကားပေါ်သို့
လစ်ခနဲတက်လာတဲ့လူသေးသေးလေး
ဟာ နဖူးမှ သွေးခြောက်များကိုမြင်
တော့ အထိတ်တလန့်နှင့်မေးလာသည်။"ဟာ...ဘာဖြစ်တာလဲ"
"ဟမ်...အော် ရေချိုးခန်းမှာခိုက်မိတာ"
"ကျစ်...မင်းကွာဆေးမထည့်ဘူးလား
ဘယ်ချိန်ထဲကဖြစ်တာလဲ သွေးတောင်
ခြောက်နေပြီ"ပြောရင်း တစ်သျှူးကိုရေနှင့်စွတ်ပြီး
သူ့နဖူးကိုသုတ်ရန်လက်လှမ်းလာတော့
မိုးမြေမှာ ဝဲတက်လာတဲ့မျက်ရည်များ
ကြောင့် ခေါင်းကိုငုံ့ချလိုက်သည်။"တီ...တီ...တီ"
"တောက်ခ်"
ရပ်ထားတဲ့သူတို့ကားကြောင့်နောက်
ကားမှာဟွန်းတီးတော့ ရောင်လွင်က
တောက်ခတ်လျက် မှန်ချကာခေါင်းပြူ
ထွက်လို့အော်ဆဲတော့သည်။"သေမလို့လား...ဟမ်..._ီးဖြစ်နေလား"
"မင်းအဖေပိုင်တဲ့လမ်းမို့ ဇွတ်တီးနေ
တာလား...ငါ့_ီးထဲမှ..."ရောင််လွင့်ပါးစပ်ကိုလက်တစ်ဖက်နှင့်
လှမ်းအုပ်ကာမိုးမြေက ကားကိုမောင်း
ထွက်လာလိုက်ရသည်။
မဟုတ်ရင်ထိုနေရာမှာတင် ရိုက်ပွဲ
ဖြစ်တော့မှာလေ။"လူပုစိတ်တိုလုပ်မနေနဲ့တော့"
"မင်း!"
"ပြောစမ်းပါအုံး ငါ့ကိုဘာလို့ဖုန်းဆက်
ခေါ်တာလဲ""မင်းပဲငါ့ကို club သွားဖို့အရင်ချိန်း
ထားတာလေ""ငါနဲ့ချိန်းထားတာတော့မှတ်မိသားပဲ"
"မင်းလေသံကဘာလဲ"
လက်မောင်းကိုလှမ်းထိုးလာတဲ့လက်
ကို မိုးမြေကဆုပ်ကိုင်လိုက်ပြီး သူရဲ့
ဝဲရင်အုံမှာကပ်ထားလိုက်တယ်။
ခဏကြာတော့ကြောင်နေတဲ့ရောင်လွင့်
ဆီမှာ စိုးရိမ်မှုနှောသည့်အသံတိုးတိုးမှာ ထွက်လာတယ်။

ESTÁS LEYENDO
ခွင့် / ခြင့္ ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳
No Ficción(U) မိုးမြေပြည့်စုံ နိုင်းမြေပြည့်စုံ ခက်ရောင်လွင် 🎼ဘဝရဲ့ခဏတာအချိန်မှာမင်းအတွက် တစ်ဘဝစာဖြစ်ဖြစ် မင်းအတွက် ခဏတာဖြစ်ဖြစ် ချွေးသိပ်နားခိုရာ...ငါ....🎼 . . (Z) မိုးမြေပြည့်စုံ နိုင်းမြေပြည့်စုံ ခက်ရောင်လွင် 🎼ဘဝရဲ့ခဏတာအချိန်မှာမင်းအတွက် တစ်ဘဝစာဖြစ်ဖြစ်...