Part...14

2.7K 168 31
                                    

မင်းအပြုံးကိုမြင်လိုက်တာနဲ့
မင်း​ခြေရင်းမှာအဆုံးသတ်ဖြစ်သွားတဲ့
နှလုံးသားလေးက မင်းကိုမော်ဖူးပြီး
​ပြောနေတယ်

ငါ့ကိုချစ်ပါ
ငါ့ကိုချစ်ပါ
ငါ့ကိုချစ်ပါ...တဲ့...။

ငိုထားသည့်အရှိန်ကြောင့်မို့အစ်နေတဲ့
မျက်ခွံများကိုပွတ်လျက် သူ့ကိုပြုံးပြ
လာတဲ့ရောင်လွင့်ကို ကြည့်ရင်းမိုးမြေ
ကလည်း နည်းတူလိုက်ပြုံးတယ်။
နိုးစခါစပွယောင်းယောင်းဖြစ်နေသည့်
ဆံပင်များကိုလည်း လက်နှစ်ဖက်နှင့်
သပ်ပေးလိုက်ပြီး နဖူးမှအပြောင်းသိမ်း
ကာ ငယ်ထိပ်မှာစုစည်းပေးတော့လည်း
လူသေးသေးလေးက ငြိမ်နေတယ်။

"မျက်နှာသစ်တော့"

"ည...ညက...ငါ"

"မင်းစိတ်ရူးဖောက်တာပဲ ငါအထူးဆန်း
လုပ်ပြီး မေးမနေပါဘူး"

ပြောပြီးမိုးမြေက ထရပ်တော့လက်
ကောက်ဝတ်ကို လှမ်းဆွဲခြင်းခံလိုက်
တယ်။

"ဘာလဲ"

"ငါ...ငါတောင်းပန်ပါတယ်"

"ဘာအတွက်လည်း တစ်စုံတစ်ယောက်
ကိုချစ်မိတဲ့အတွက်လား တခြားလူ
ကြောင့်ကျတဲ့မျက်ရည်ကို ငါ့ကိုသုတ်
ခိုင်းစေမိလို့လား မပွင့်လင်းခဲ့မိလို့လား"

"ဟင့်...မင်းမကောင်းဘူးငမိုး
မင်းတကယ်မကောင်းတဲ့ကောင်ပဲ"

ကုတင်ထက် ဒူးထောက်ထလာပြီး
မတ်တပ်ရပ်နေဆဲဖြစ်တဲ့ မိုးမြေရဲ့
ရင်ဘတ်ကိုထုရိုက်ကာ ငိုရှိုက််လာပြန်
တယ်။

ဘေးမှာလူများရှိနေရင် ဘူမသိကိုးမသိ
နဲ့ မသိရင်သူကပဲ အတင်းအဓမ္မရယူခဲ့သလိုလို...ဘာလိုလိုနဲ့ နာမည်ကြီး
ထမင်းငတ်ဖြစ်ချေတော့မည်။

"အာဗြဲကြီးနဲ့ငိုမနေနဲ့"

"ငိုမှာ...မင်းတကယ်မျက်နှာလိုက်တယ်
ယက္ခတုန်းကျတော့ မျက်ရည်သုတ်
ပေးရုံမက အမူဆောင်တောင်လုပ်ပေး
လိုက်သေးတယ် ငါ့အလှည့်ကျတော့
ပြောနေလိုက်တာ"

မိုး​​မြေကစိတ်ထဲအချဥ်ဖောက်လာတာ
ကြောင့် ရင်ဘတ်ကိုအဆက်မပြတ်
ထုနေတဲ့လက်ကို ချုပ်ကိုင်လိုက်ပြီး
ကုတင်ထက်တွန်းလှဲလျက် သူကပါ
အပေါ်က အုပ်မိုးပစ်လိုက်တယ်။
ထိုအခါမှာတော့ သကောင့်သားရဲ့
မျက်ရည်များဟာတိခနဲရပ်သွားသလို
ငိုသံမှာလည်းတိတ်သွားသည်။

ခွင့် / ခြင့္ ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now