ကလေးငယ်တစ်ယောက်မှာလက်နှစ်
ဖက်ကို နောက်ပစ်ရင်း မျက်လုံးများ
ကလည်းပတ်ဝန်းကျင်ကို တောင်အီအီ
လိုက်ကြည့်လျက် လေချွန်ရင်း
အနည်းငယ်မြောက်ကြွသောခြေလှမ်း
များဖြင့် လျှောက်လာနေသည်။
သူ့လေချွန်သံကိုလွှမ်းလို့ ထွက်ပေါ်
လာသည့် ငိုသံသဲ့သဲ့ကြောင့် ခြေလှမ်း
များကိုရပ်လိုက်ပြီး နားစွင့်ရင်းအသံ
လာရာကို မှန်းဆမိတော့ ပေစောင်း
စောင်းနဲ့ ကြည့်လိုက်မိသည်။
ခြုံသဖွယ်ဖြစ်နေသော လမ်းဘေး
တစ်နေရာတွင် ထိုင်ငိုနေသောလူကို
သူစပ်စုချင်စိတ်မရှိတာကြောင့်လှည့်
ထွက်လာရန် ခြေလှမ်းပြင်လိုက်သော်
လည်း မြက်ဖုတ်များကြားမှပေါ်နေ
သော ဖော့ဖိနပ်အဝါလေးမှ ခြေချောင်း
သေးသေးလေးများကြောင့် သူ့အရွယ်
ကလေးတစ်ယောက် ဖြစ်နေကြောင်း
ခန့်မှန်းမိ၍ သွားကြည့်ဖို့ဆုံးဖြတ်လိုက်
ပြီး ခြေလှမ်းများကိုနောက်ပြန်လှည့်
လိုက်သည်။
"ဘာလို့ငိုနေတာလဲ"
"အမေ့!"
ခြုံငယ်အရှေ့ထိုင်ချပြီးမေးလိုက်တော့
ငိုနေတဲ့ ကလေးငယ်ဟာ လန့်ကာ
ဖင်ထိုင်လျက် ကျသွားပြီး သူရှေ့က
ကောင်လေးကို ကြောင်ကြည့်နေသည်။
"ထွက်ခဲ့တော့ မင်းတစ်ကိုယ်လုံး
ပေနေကျံနေပြီ"
လက်ကမ်းပေးလိုက်သော်လည်း
မျက်ရည်စီးကြောင်းများနှင့်ကြောင်
ကြည့်နေသည်ကြောင့် စိတ်မရှည်
တော့ဘဲ ဒူးမှာပိုက်ထားသည့်လက်
နှစ်ဖက်ကိုဆုပ်ကိုင်လိုက်သည်။
"အကောင်တွေရှိရင် ဘယ်လိုလုပ်
မလဲ မင်းကို ကိုက်လိုက်မှာပေါ့"
"အကောင်!"
သူပြောလိုက်မှကြောက်လန့်သွားတဲ့
ခြုံထဲက ကလေးဟာဝုန်းခနဲ ထခုန်
လာပြီး သူအပေါ်တက်လိုက်သဖြင့်
ကလေးချင်းမို့ မထိန်းနိုင်ကာ
နှစ်ယောက်သား ခြုံပုတ်ရှေ့ထပ်
လျက်ပြုတ်ကျသွား၏။
"အာ့"
"ဟင့်...အကောင်ရှိသေးလား"
"မင်းယောက်ျားမဟုတ်ဘူးလား
ထစမ်း...ဘာအကောင်မှမရှိဘူး"
"ဟင့်...ငါယောက်ျားကွ အကောင်
လေးပဲကြောက်တာ"
ငိုနေတာတောင် ပြန်စွာပြီးပြောကာ
ထသွားတဲ့ကလေးကို နောက်ကလေး
တစ်ယောက်က ပေစောင်းစောင်းနှင့်
ပြန်ကြည့်ပြီး ပြန်ပြောရင်ပြင်လိုက်
ပေမယ့် ထိုကလေးရဲ့ရဲစပ်နေသည့်
မျက်ခမ်းသားများကို မြင်တော့
သူ့ရင်ထဲပါမကောင်းဖြစ်လာ၍
သူကိုယ်တိုင်ပါ ငိုမဲ့မဲ့ ဖြစ်လာသည်။
BINABASA MO ANG
ခွင့် / ခြင့္ ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳
Non-Fiction(U) မိုးမြေပြည့်စုံ နိုင်းမြေပြည့်စုံ ခက်ရောင်လွင် 🎼ဘဝရဲ့ခဏတာအချိန်မှာမင်းအတွက် တစ်ဘဝစာဖြစ်ဖြစ် မင်းအတွက် ခဏတာဖြစ်ဖြစ် ချွေးသိပ်နားခိုရာ...ငါ....🎼 . . (Z) မိုးမြေပြည့်စုံ နိုင်းမြေပြည့်စုံ ခက်ရောင်လွင် 🎼ဘဝရဲ့ခဏတာအချိန်မှာမင်းအတွက် တစ်ဘဝစာဖြစ်ဖြစ်...
