ရောင်လွင်ကဒူးကိုတစ်ဆတ်ဆတ်
လှုပ်ခတ်ရင်း လက်ထဲကစီးကရက်ကို
မဖွာရှိုက်ဘဲ ပြာတွေစုခဲလာခြင်းကို
စိုက်ကြည့်နေလေသည်။ ကိုနိုင်းကိုသူ
တိကျတဲ့အဖြေတစ်ခုတောင်းရန်အသင့်
ပြင်ထားပေမယ့် အခုထိတော့စိတ်လှုပ်
ရှားနေစဲဖြစ်သည်။ (xxx) hotel က
ပွဲပြီးရင် လာခဲ့မယ်ပြောတာကြောင့်
အခုတော့သူဟာ ကိုနိုင်း၏ ကွန်ဒိုမှာ
တစ်ယောက်တည်းထိုင်စောင့်နေခြင်း
ဖြစ်၏။ အချိန်အားဖြင့်လည်းည(10)
နာရီထိုးနေပြီ ကိုနိုင်း ကတော့ရောက်
မလာသေးပေ။မိုးမြေကိုလည်း မနေ့ကသော့ချိတ်
ကိစ္စဖြစ်ပြီးတည်းက သူဖုန်းမဆက်
ဖြစ်သလိုမိုးမြေဘက်ကလည်း သူ့ကို
ဖုန်းဆက်မလာခဲ့ပေ။
မိုးမြေက သိပ်ကိုလျှင်တဲ့ကောင်လေ။
သူ့ရဲ့ဟန်မဆောင်တတ်မှုမျိုးနဲ့ဆို
အချိန်မရွေး ကိုနိုင်းနဲ့ကိစ္စကပေါ်သွား
နိုင်တယ်။ အဲ့ဒီအချိန်ကျရင် သူငယ်ချင်း
နှစ်ယောက်ကသူ့ကို အရမ်းစိတ်ဆိုး
သွားကြမှာ။ ထို့ထက် မိုးမြေ...မိုးမြေ
အပေါ်အရမ်းကို ထိချက်ပြင်းနိုင်တယ်။ဒီနှစ်တွေအကြာကြီး အမျိုးမျိုးအဖုံဖုံ
သူဖုံးကွယ်ပြီး နေလာခဲ့ပြီးပြီ။
ကိုနိုင်း ရင်ထဲမှာ သူဟာနေရာတစ်ခု
ရသင့်ပြီလို့ထင်တယ်။ မျှော်လင့်ချက်
ရေးရေးနဲ့ ရှင်သန်နေခဲ့ရတာ တော်သင့်
ပြီလေ။ ကိုနိုင်း သူ့ကိုတန်ဖိုးထားချစ်
ပေးရင် မိုးမြေနဲ့ယက္ခကို ဖွင့်ပြောဖို့
အားတင်းထားတယ်။ လူသိခံခိုင်းတာ
မဟုတ်ဘဲနဲ့ သူငယ်ချင်းတွေအရှေ့မှာ
ဖွင့်ပြောဖို့ သင့်တော်တဲ့ဆက်ဆံရေး
လေးတစ်ခု သူပိုင်ဆိုင်ချင်တယ်။ရောင်လွင်ကပြုံးရင်း ပြာတွေကြွေကျ
သွားပြီဖြစ်တဲ့ ကုန်လုဆဲဆဲဆေးလိပ်
ကို ပြာခံခွက်မှာ ထိုးခြေလိုက်တယ်။"အရမ်းချစ်တယ် ကိုနိုင်းအရမ်းချစ်
တယ် ဒါပေမယ့် မပိုင်ဆိုင်ချင်တော့ဘူး"ဟုတ်တယ်။ဒါဟာအမှန်တရားပဲ။
ဒါပေမယ့် နောက်ဆုံး ကိုနိုင်းကိုအဖြေ
တစ်ခုရွေးချယ်ခွင့်ပေးတာက...
(၇)နှစ်ကျော်စာ သံယောဇဉ်ကြောင့်ပဲ။
ချစ်ပေးခဲ့တာ နည်းနည်းနှောနှောမှ
မဟုတ်တာ ကိုနိုင်းရယ်။

أنت تقرأ
ခွင့် / ခြင့္ ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳
غير روائي(U) မိုးမြေပြည့်စုံ နိုင်းမြေပြည့်စုံ ခက်ရောင်လွင် 🎼ဘဝရဲ့ခဏတာအချိန်မှာမင်းအတွက် တစ်ဘဝစာဖြစ်ဖြစ် မင်းအတွက် ခဏတာဖြစ်ဖြစ် ချွေးသိပ်နားခိုရာ...ငါ....🎼 . . (Z) မိုးမြေပြည့်စုံ နိုင်းမြေပြည့်စုံ ခက်ရောင်လွင် 🎼ဘဝရဲ့ခဏတာအချိန်မှာမင်းအတွက် တစ်ဘဝစာဖြစ်ဖြစ်...