Part...10

3K 183 24
                                    

မိုးမြေက ရောင်လွင့်အိမ်အနားရောက်
ခါနီးမှာ ဖွားဖွားအတွက်တစ်ခုခုဝယ်
သွားဖို့တွေးမိကာ ဖုန်းဆက်လိုက်သည်။
ဒီတစ်ခါမှာတော့ ဖုန်းက ချောချော
ချူချုဝင်သွားပေမယ့် ​​ဖြေဆိုလာတဲ့
အရှုပ်ထုတ်လေးရဲ့အသံမှာ သူမဟုတ်
သည့်အတိုင်း နွမ်းလျနေကာ တက်ကြွ
မှုကင်းမဲ့နေတာကြောင့် မိုးမြေရင်ထဲလည်း လေးလံသွားရသည်။

ဘာတွေဖြစ်ရပြန်ပြီလဲကွာ။
မင်းတစ်ယောက်ကိုပူရတာနဲ့တင်
ငါ့မှာလည်း အသက်တိုရတော့မယ်။

"ပြောလေ...ငမိုး"

"မင်းအိမ်အနားငါရောက်တော့မယ်
ဖွားဘာစားချင်လည်း မေးပေး"

"ငါအိမ်မှာမရှိဘူး"

"ဘယ်ရောက်နေလဲ ငါလာခေါ်မယ်"

"ဟင်း...မင်းကတော့လေ (xxx)
ပန်းခြံမှာငါစောင့်နေမယ်"

"ဖွားနဲ့မအေးရီအတွက် မုန့်လေးဝယ်
ပေးခဲ့နော် ​ငါမင်းနဲ့တွေ့ပြီးရင်အလုပ်
တန်းဝင်ရမှာမို့လို့"

"အင်း...မင်းဘယ်မှမသွားနဲ့နော်
ငါလာပြီ"

"အင်းပါ"

မိုးမြေဖုန်းချသွားတော့မှ ရောင်လွင်
က လမ်းဘေးရှိနီးစပ်ရာ အုတ်ဘောင်
ပေါ်မှာ ဝင်ထိုင်လိုက်တယ်။
အပူသည်ရုပ်လိုဖြစ်နေတဲ့သူမျက်နှာ
ဒီထက်ဥပမာပေးရရင် လင်သေမုဆိုးမ
လိုဖြစ်နေတဲ့ သူ့မျက်နှာကို မိုး​​မြေကို
မပြချင်သလို အပူလည်း မကူးစေ
ချင်တာကြောင့် ဖွားဖွားနဲ့ ဖွားဖွားကို
စောင့်ရှက်ပေးဖို့ ငှားထားတဲ့ မအေးရီ
အတွက် မုန့်ပို့ခိုင်းစေခြင်းဖြင့် အချိန်ဆွဲ
လိုက်ခြင်းဖြစ်တယ်။ သူ့မှအချိန်လို
တယ်လေ။ ခဏလောက်ဖြစ်ဖြစ်သူ့မှာ
ကြေကွဲဖို့အချိန်လိုတယ်။ ဒါမှ မိုးမြေ
အရှေ့ရောက်ရင် သူ့မှာဘာခံစားမှ
မရှိတော့မှာ။

ရောင်လွင်က ကောင်းကင်ကြီးကို
တစ်ချက်မော့ကြည့်လိုက်ပြီးတုန်ရီ
နေသောလက်များဖြင့် စီးကရက်တစ်
လိပ်ကို လက်ကြားထဲညှပ်လိုက်တယ်။
သူ့လက်ချောင်းတွေက ဘယ်လောက်
များတုန်ရီနေလည်းဆိုရင် စီးကရက်ယလေးကိုပင် ကောင်းကောင်းမကိုင်နိုင်။
လက်ကြားထဲမှာလျှောကျလို့မြေပြင်
ပေါ်သို့ကျသွားသည်။

ခွင့် / ခြင့္ ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Onde histórias criam vida. Descubra agora