မူးဝေလျက်တစ်ဆစ်ဆစ်နှင့်ထိုးကိုက်
နေတဲ့ခေါင်းကြောင့် နိုင်း တစ်ယောက်
မနက်ခင်းမှာနိုးလာသော်လည်း
ချက်ခြင်းမထနိုင်။ သူ့ခေါင်းကိုသူ
ဖိကိုင်ရင်း ဝေဒနာကိုကြိတ်ခံကာ
ထထိုင်ပြီး မျက်လုံးဖွင့်ကြည့်လိုက်
တော့ သူ့အိပ်ခန်းလည်းမဟုတ်။
ဘေးဘီကို အလောတကြီးကြည့်
လိုက်တော့ ဆိုဖာရှည်ပေါ်တွင်အဝတ်
လက်လစ်နှင့် အိပ်မောကျနေပုံရတဲ့
ခက်ရောင်လွင်ကို တွေ့လိုက်ရတာ
ကြောင့် သူ့ရင်ထဲထိတ်ခနဲဖြစ်သွားပြီး
အံ့သြမှုကြောင့် ခန္ဓာရှိသွေးကြောမျှင်
များ ရပ်ဆိုင်းသွာသည့်အတိုင်း
ကြက်သေ သေသွားသည်။ညကသူရောက်နေတဲ့ club ရဲ့အခန်း
တစ်ခုမှာဘယ်လိုလုပ်များ...မဖြစ်နိုင်
ဘူး။ ဘယ်လိုမှမဖြစ်နိုင်ဘူး။ဆိုဖာအောက်မှာပုံကျနေသောအဝတ်
များကိုလျှင်မြန်စွာကောက်ယူလို့
ဝတ်လိုက်ပြီး ရောင်လွင့်ကိုယ်ပေါ်
တွင်လည်း သူ့ကုတ်အင်္ကျီကိုလွှားခြုံ
ပေးလိုက်ပြီး ပခုံးကိုလှုပ်ခတ်ကာ
နှိုးလိုက်တယ်။"ရောင်လွင်...ခက်ရောင်လွင်
ထစမ်း...အခုထစမ်း""ငါရူးမသွားခင် ထလာပြီးဘာတွေ
ဖြစ်သွားလဲ ရှင်းပြစမ်းပါ""ခက်ရောင်လွင်!"
"အာ့"
အကြမ်းပတမ်းလှုပ်ခတ်လုပ်တော့
ရောင်လွင့်ဆီမှာ ညည်းသံတစ်ခုကြား
လိုက်ရပြီး မျက်တောင်များလည်း
လှုပ်ခတ်လာသည်ကြောင့် နိုင်း မှာ
အလုံးစုံနိုးကြားလာသည်ကိုစောင့်ရင်း
သူ့ဆံပင်များကိုသူ ဆွဲဆုပ်နေမိသည်။
အတွေးများဟာလည်း ရောက်ယှက်
ခတ်လို့ ပါးပြင်ပေါ်မှာမျက်ရည်များ
အသွင်သွင်စီးကျနေခြင်းကို သူ့ကိုယ်
သူပင် သတိမထားမိပေ။ဖခင်ဖြစ်သူ ထားခဲ့တဲ့ပြည့်စုံ group
ကို ဦးစီးဦးဆောင်နိုင်ဖို့အတွက်
ညီငယ်လေးကို စောင့်ရှောက်နိုင်ဖို့
အတွက် သူ့ရဲ့ငယ်ရွယ်မှုတွေအကုန်
လုံးကို မြုပ်နှံထားခဲ့ရတာ။ အခုသူ့
အသက် ၂၂ နှစ်ရောက်မှ ဥက္ကဋ္ဌ ဖြစ်ပြီး
ဦးဆောင်ဖို့ အများတကာရိုသေအောင်
ကြိုးစားနေရတဲ့အချိန်မှာမှ ဘယ်လို
အမှားမျိုးကို ကျူးလွန်မိလိုက်တာလဲ။
ပြီးတော့...ယောက်ျားတစ်ယောက်နဲ့တဲ့။
အဲ့ဒီယောက်ျားကလည်း အသက်
တောင်မပြည့်သေးတဲ့ ကိုယ့်ညီငယ်
လေးရဲ့ သူငယ်ချင်းဖြစ်နေတယ်။
![](https://img.wattpad.com/cover/349979042-288-k125248.jpg)
YOU ARE READING
ခွင့် / ခြင့္ ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳
Non-Fiction(U) မိုးမြေပြည့်စုံ နိုင်းမြေပြည့်စုံ ခက်ရောင်လွင် 🎼ဘဝရဲ့ခဏတာအချိန်မှာမင်းအတွက် တစ်ဘဝစာဖြစ်ဖြစ် မင်းအတွက် ခဏတာဖြစ်ဖြစ် ချွေးသိပ်နားခိုရာ...ငါ....🎼 . . (Z) မိုးမြေပြည့်စုံ နိုင်းမြေပြည့်စုံ ခက်ရောင်လွင် 🎼ဘဝရဲ့ခဏတာအချိန်မှာမင်းအတွက် တစ်ဘဝစာဖြစ်ဖြစ်...