Part...17

2.7K 166 19
                                    

စီးကရက်အငွေ့တွေတလူလူဖြစ်နေတဲ့
အခန်းထဲ၏ထောင့်တွင် မိုး​မြေကထိုင်
နေပြီး နံရံပေါ်မှာကျိုးတို့ကျဲတကပ်ထား
သည့်ဓာတ်ပုံတွေကို မမှိတ်မသုန်ကြည့်
နေသည်။ ဖွရိုက်ထားသည့်စီးကရက်
များကလည်းအခန်းအတွင်းနေရာအနှံ
ပြန့်ကျဲလို့နေပြီး ဖြဲစုတ်ခံထားရသည့်
စာရွက်များစီ မီးကူးလို့ တရေးရေးနှင့်
လောင်ကျွမ်းနေပြီဖြစ်၏။

ခပ်တိုးတိုးဖွင့်ထားသည့်အဆိုတော်
လင်းလင်း၏ ခွင့်ဆိုတဲ့သီချင်းကို
နှုတ်ခမ်းလှုပ်ရုံမျှ လိုက်ဆိုရင်း အခိုး
ငွေ့များကြောင့် ချောင်းတဟွတ်ဟွတ်
ဆိုလာဖြင့် လက်ထဲကဆေးလိပ်တိုကို
ကြမ်းပြင်မှာသာ ထိုး​ခြေမီးသတ်လို့
အဝေးသို့ လွှင့်ပစ်လိုက်သည်။

"အဟွတ်...အဟွတ်"

ချောင်းဆိုးရလွန်းလို့မျက်စံတွေပင်
ရဲတက်ကာ မျက်ရည်ပူများစီးကျလာ
သည်။

"မိုးမြေ"

တံခါးဖွင့်သံနဲ့အတူသူ့နာမည်ကိုခေါ်
လိုက်တဲ့ယက္ခ၏အသံကြောင့် ပြုံးလျက်
မော့ကြည့်လိုက်တယ်။

"ဟာ...တကယ်ပဲမင်းလာတယ်"

"ဒါပေါ့ကွ"

မြင်လိုက်ရသည့်သူငယ်ချင်းဖြစ်သူ၏
ပုံစံမှာ သူ့ရင်ဝကိုစောင့်ကန်ခံရသလို
နာကျင်စေတယ်။ အံကိုကြိတ်လျက်
လက်ထဲကအထုတ်ကိုပစ်ချရင်း မိုးမြေ
အနားသို့ ခပ်သွက်သွက်သွားကာ ထိုင်
ချပြီး ပခုံးနှစ်ဖက်ကိုဆုပ်ကိုင်လိုက်
ချိန်မှာပဲ သိပ်သန်မာပါတယ်ဆိုတဲ့
ကောင်ကြီးဟာ သူ့ရင်ခွင်ထဲသို့ပြိုကျ
လာတယ်။ ရင်ထဲမှနင့်ခနဲဖြစ်သွားပေ
မယ့် မိုးမြေရဲ့ကျောပြင်ကိုပုတ်ကာ
မငိုဖို့တားမိသည်။

"မငိုပါနဲ့ကွာမင်းငိုရင်ခေါင်းကိုက်လိမ့်
မယ်"

"ငိုကြွေးခြင်းဆိုတဲ့အရာကိုမင်းတို့မှာ
ငါမရှိစေချင်ဘူး"

"အဆင်ပြေသွားမှာပါ ငမိုးရ"

"ငါ...သူ့ကို အရမ်းချစ်တာ...ငါ...ငါ"

တုန်ရီနေသောအသံတိုးတိုးနှင့်မျက်ရည်
များစီးကျလျက်ပြောလာတဲ့စကား
ကြောင့် ယက္ခက မျက်တောင်ပုတ်ခတ်
ရင်း မိုး​မြေရဲ့ပခုံးနှစ်ဖက်ကိုဆုပ်ကိုင်
လိုက်တယ်။

ခွင့် / ခြင့္ ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now