ဒီနေ့လည်းပုံမှန်အတိုင်းပဲ မနက်စောစောထပြီးပြေးသည်။နွေဦးဆိုတော့ ရာသီဥတုကအရမ်းသာယာပြီးစိတ်ကြည်နူးစေသည်။၁နာရီခွဲတောင်မှ မရပ်မနားပြေးနိုင်ခဲ့သည်။
နေ့တိုင်းထပြေးခြင်းရဲ့ရလဒ်ကောင်းတွေပေါ့။ဆက်တိုက်ပြေးရင်းမောလာလို့ခဏနားမလို့လမ်းလျှောက်တော့ လူတစ်ယောက်ကသူ့ကိုအရှိန်နဲ့ဝင်တိုက်သွားသည်။အိမ်ကထွက်တည်းကယူလာတဲ့ ရေဘူးအကြည်လေးကအဲ့လူရဲ့ဝင်တိုက်မှုကြောင့်လွတ်ကျသွားသည်။ဒါကိုတောင်အဲ့လူက တောင်းပန်စကားတစ်ခွန်းမပြောပဲဆက်ပြေးသွားခဲ့တာ။လှမ်းကြည့်မိတော့ ညာဘက်လက်တစ်ခုလုံးမှာတက်တူးတွေအပြည့်နဲ့။အသားကအတော်ဖွေးတာကြောင့် လက်ကရောင်စုံတက်တူးတွေက အထင်သားနဲ့သူ့ကိုမှတ်မိလွယ်နေစေခဲ့သည်။လေ့ကျင့်ခန်းလုပ်နေတဲ့လူတစ်ယောက်မဟုတ်တာတော့သေချာတယ်။ဘာလို့လဲဆိုတော့ စွပ်ကျယ်အနက်ဟပြဲကြီးနဲ့skinnyဂျင်းအကျပ်ကိုဘယ်သူကအားကစားလုပ်ရင်ဝတ်မှာလဲ။လုပ်ရင်လည်းအဲ့လူကရူးနေလို့ပဲ။
သူအဲ့လူကိုငေးကြည့်နေရင်းရေဘူးကိုကောက်ဖို့လုပ်တော့ နောက်ထပ်လူငါးယောက်လောက်က သူ့ဆီကိုအတင်းထပ်ပြေးလာတာကြောင့် သူရေဘူးကောက်လျက်သားအတိုင်းကြောင်နေမိတုန်းထိုဝဝထွားထွားလူကြီးငါးယောက်က သူ့ကိုကျော်တက်ပြီး ခုနကသူ့ကိုတိုက်သွားတဲ့လူနောက်ကိုလိုက်သွားကြသည်။ကြည့်ရတာတော့ ထိုလူကြီးငါးယောက်နဲ့သူ့ကိုဝင်တိုက်သွားတဲ့တက်တူးတွေနဲ့လူက တစ်ခုခုငြိထားတဲ့ပုံပင်။ထိုလူတွေကနာမည်ကိုလည်းအော်ခေါ်နေပါသေးသည်။နာမည်ကနည်းနည်းတော့ ခက်တဲ့အထဲပါသည်။သို့သော်သူကတော့ တစ်ခါကြားရုံနဲ့တင်မှတ်မိနေခဲ့သည်။သူ့ကိုဝင်တိုက်ပြီးတောင်းပန်စကားတစ်ခွန်းတောင်မပြောသွားတဲ့လူရဲ့အမည်က 'ဂျွန်ဂျောင်ကု' တဲ့။
ပြေးနေတဲ့လူတစ်ယောက်နောက်ကို နောက်ထပ်လူငါးယောက်ကထပ်ပြေးလိုက်နေတဲ့မြင်ကွင်းကိုဘာရယ်မှန်းမသိ ရပ်ကြည့်နေရင်းမှသူသတိကပ်ကာရေဘူးကိုကိုင်ပြီးကျောခိုင်းပြီးအိမ်ကိုပြန်လာရတော့သည်။သူနဲ့မသိတဲ့လူတွေရဲ့ရန်ပွဲကို ကြည့်နေမိတာကြောင့်ပုံမှန်လုပ်နေကျအလုပ်တွေက 15မိနစ်လောက်နောက်ကျသွားပြီးရုံးသို့အသွားဘတ်စ်ကားကမမှီတော့၍ ပိုက်ဆံအကုန်ခံကာတက်စီနဲ့သွားလိုက်ရသည်။တစ်ခုမှမတွေ့ဖူးတဲ့တက်တူးနဲ့လူကြောင့် သူ့ပိုက်ဆံကစောစောစီးစီးထွက်သွားရတော့ ထိုလူကိုမဆီမဆိုင်အမြင်တော့ကပ်မိသား။