3

4.2K 292 31
                                    

"ဒါငါ့အိမ်ပဲ"

ထယ်​​ယောင်းက သူ့ရဲ့တစ်ထပ်အိမ်အဖြူ​ရောင်​လေး​​ရှေ့​ရောက်​တော့​ဂျောင်ကု့ဘက်ကိုမျက်နှာမူပြီး​ပြောသည်။

"ကျုပ်သိသားပဲ...ဒီအိမ်​ရှေ့မှာပဲခင်ဗျားရဲ့မုန့်ထုပ်ကိုယူသွားတာ​​လေ"

ဟုတ်သားပဲ...သူခိုး​လေးကသူ့အိမ်​​​ရှေ့မှာပဲသူ့မုန့်​တွေကိုခိုးပြီး​လမ်းကြားထဲ​ပြေးဝင်သွားတာ​​လေ။​ဒါနဲ့​နေပါဦး...ယူသွားတာမှမဟုတ်တာ...သူ​က​'​​ရော့အင့်ယူပါ' ဆိုပြီး​ပေးလိုက်တာမှမဟုတ်ပဲ...ဒင်းကခိုးသွားတာ​လေ။

"ယူသွားတာမဟုတ်ဘူး...မင်းခိုးသွားတာ​​​လေ"

ထယ်​ယောင်းက ​​ဂျောင်ကုစကားကိုပြန်ပြင်​ပေး​တော့​ဂျောင်ကုမျက်နှာ​လေးကမဲ့ခနဲ။

"ကျုပ်..ကျုပ်လည်းမတတ်သာလို့လုပ်ခဲ့ရတာ"

"ခိုးတာကခိုးတာပဲ...သူခိုး​လေး"

"ကျုပ်မှာနာမည်ရှိတယ်လို့...ဂျွန်​ဂျောင်..."

"​နောက်ကလိုက်ခဲ့"

​ဂျောင်ကုစကား​တောင်မဆုံး​သေး...ထယ်​ယောင်းကကြားဖြတ်​ပြောကာအိမ်ထဲဝင်သွားတာမို့​ဂျောင်ကုလည်းထယ်​ယောင်း​နောက်လိုက်ရ​တော့သည်။

ခြံဝန်း​လေးနဲ့သပ်သပ်ရပ်ရပ်ရှိ​သော လုံးချင်းအိမ်​အဖြူလေးကအထဲမှာလည်း အဖြူ​​​​ရောင်သာ​ဆေးသုတ်ထားပြီးအသုံးအ​​ဆောင်ပရိ​ဘောဂ​တွေကလည်းအဖြူ​​ရောင်တွေအ​တော်များ၏။ဒီလူကအဖြူကိုအ​​တော်ကြိုက်တဲ့ပုံ။တစ်​အိမ်လုံးသန့်ပြန့်​နေတာက​တော့ပိုင်ရှင်အတိုင်းပင်။သူ့​ခြေ​ထောက်​တွေကိုပြန်ငုံ့ကြည့်​တော့ညစ်ပတ်​နေတာမို့ အိမ်ထဲဝင်ဖို့ကို​တောင်တွန့်ဆုတ်မိသွားသည်။

"ဝင်လာ​လေ...ဘာလုပ်​နေတာလဲ"

ထယ်​​ယောင်းခုထိအိမ်ထဲမဝင်လာပဲ အ​ပေါက်ဝက​နေမျက်လုံးပြူးပြူး​လေးနဲ့​​လိုက်ကြည့်​နေတဲ့​ဂျောင်ကုကို​​ငေါက်လိုက်သည်။

"ကျုပ်​ခြေ​ထောက်​တွေညစ်ပတ်​နေလို့...အဲ့ဒါ...ဝင်လာရင်ညစ်ပတ်ကုန်မှာစိုးလို့"

Touch Your Heart(completed)Where stories live. Discover now