"မင်းကျောင်းပြန်တက်ဖို့စိတ်ကူးမရှိဘူးလား"
"ကျုပ်ကိုမေးတာလား"
တစ်လမ်းလုံးမှနှစ်ယောက်တည်းလျှောက်နေတာကို သူ့မေးတာလားဆိုတော့ သူခိုးလေးကတစ်မျိုးလေး။
"အခုငါ့ဘေးမှာမင်းပဲရှိတာ...မင်းမမေးလို့ငါကဘယ်သူ့ကိုမေးရမှာလဲ"
"ကျုပ်ကျောင်းပြန်တက်ချင်ပေမယ့်...ဒီလိုပဲ...ကိစ္စလေးတွေရှိလို့မတက်ဖြစ်တာ"
"ဘာကိစ္စမို့လို့လဲ"
စပ်စုတာကိုဝါသနာလိုဖြစ်နေတဲ့ ထယ်ယောင်းကမေးခွန်းတွေဆက်တိုက်မေးသည်။
"ခင်ဗျားကဒီလိုပဲစပ်စုတတ်တာလား"
"အေး...ငါကနဂိုတည်းကစပ်စုတတ်တဲ့လူ"
"ကျုပ်ကစပ်စုတာမကြိုက်ဘူး"
"အဲ့ဒါမင်းကိစ္စလေ"
အိမ်ကြီးရှင်ကဘုဆတ်ဆတ်ပြန်ပြောပြီး ခြေလှမ်းကျဲကြီးများဖြင့် ရှေ့ကနေအရင်သွားတော့သည်။ဒါကသူပြောလိုက်လို့စိတ်ကောက်သွားတာလား?ဟက်...ချစ်ဖို့တော့ကောင်းသား။
ထယ်ယောင်းနဲ့ဆရာမရှင်းဟာရီအသားကင်အတူစားပြီးတော့ ဂျောင်ကုလည်းအလုပ်ဆင်းချိန်မို့တူတူပြန်လာခြင်းပင်။ဘတ်စ်ကားတူတူစီးတော့လည်း နှစ်ယောက်သားကြား ပြောစရာစကားကမရှိ။မှတ်တိုင်ကဆင်းပြီး အိမ်ကိုအတူလမ်းလျှောက်တော့မှ ထယ်ယောင်းဘက်ကဂျောင်ကုကိုစတင်စကားပြောလာတာပင်။သို့သော်ဂျောင်ကုရဲ့ဇတ်ကျဲကျဲအကျင့်နဲ့ ထယ်ယောင်းရဲ့ဘုဆတ်ဆတ်အပြောကြောင့် ထွေရာလေးပါးစကားဝိုင်းကခဏလေးနဲ့သာပြီးသွားသည်။
.
.
."ခင်ဗျားကိုပြောစရာရှိတယ်"
အိမ်ထဲဝင်ဝင်ချင်း သူခိုးလေးကစကားစလာတာကြောင့်လည်သာအိတ်လေးကို ဆိုဖာပေါ်ချပြီးပြောရန်မေးဆတ်ပြလိုက်သည်။
"ကျုပ်ပဲနောက်နေ့တွေဟင်းချက်လို့ရမလား"
"ဘာလို့လဲ"
"ဒီလိုပဲ...ကျုပ်ချက်ချင်လို့"
အမှန်အတိုင်း 'ခင်ဗျားချက်တာတွေကအရသာမရှိလို့မစားချင်လို့' လို့ပြောလိုက်ကြည့်ပါလား?အိမ်ပေါ်ကတောင်နှင်ချခံရဦးမယ်။ဒီရက်ပိုင်းတွေတတ်နိုင်သလောက်သည်းခံပြီး အိမ်ကြီးရှင်ချက်ကျွေးသမျှကိုစားပေမယ့် ဘာအရသာ၊ဘာအရောင်မှမရှိတဲ့ဟင်းတွေကို သူဆက်မစားချင်တော့ပါ။ဒါကြောင့်လည်းအရဲစွန့်ပြီး သူချက်ချင်တယ်လို့တောင်းဆိုခြင်းပင်။