မနက်ခင်းနေရောင်မပွင့်တပွင့်နဲ့အတူ လူတွေကလှုပ်ရှားရုန်းကန်နေကြသည်။ထယ်ယောင်းကတော့ ရေဘူးအကြည်လေးကိုင်ရင်း ထုံးစံအတိုင်းပတ်ဝန်းကျင်ကိုဝေ့ဝဲကြည့်ရင်း ပန်းခြံသို့ပြေးသည်။ပန်းခြံရောက်တော့အကျောလျှော့ရင်းခဏနားနေလိုက်သည်။လက်ထဲကနာရီအညိုလေးက 6နာရီ45မိနစ်အတိ။ခဏနားပြီးအိမ်ပြန်မယ်။ရေချိုးမယ်။ပြီးရင်သူခိုးလေးလုပ်ပေးတဲ့မနက်စာကိုအခန့်သားစားမယ်။အခုတလောသူခိုးလေးရှိနေလို့ အိမ်အလုပ်တွေကိုတော့ အပင်ပန်းခံပြီးလုပ်စရာမလိုတာမို့ အတော်နေ့လိုထိုင်လို့ကောင်းသည်။
သူခိုးလေးကတာဝန်ယူစိတ်ကတော့အပြည့်ပဲ။တစ်ခါမှာပြီးရင်ထပ်မှာစရာမလိုတော့ဘူး။အကြွေး5သိန်းနဲ့တန်အောင်အကုန်လုပ်ပေးတာ။
.
."အာ...မင်းအလုပ်မသွားသေးဘူးလား...အရင်နေ့တွေကဆိုမင်းဒီချိန်အိမ်မှာမရှိတော့ဘူးလေ"
ထယ်ယောင်း ရေခဲသေတ္တာထဲကရေခဲတုံးနှစ်တုံးလောက်ယူပြီး ရိုးရိုးရေထည့်ထားတဲ့ခွက်ကိုသောက်ရင်းအမောဖြေနေတုန်း သူပေးထားတဲ့အင်ကျီအကွက်လက်ရှည်နဲ့ဘောင်းဘီခပ်ပွပွကိုဝတ်ပြီး ထွက်လာတဲ့ဂျောင်ကုကိုမေးလိုက်သည်။
"ဒီနေ့ကစနေနေ့လေဗျာ...ကျုပ်စနေနေ့ဆိုအလုပ်နားတယ်"
"သြော်...အဲ့လိုလား"
"ခင်ဗျားဖို့မနက်စာလုပ်ပေးထားတယ်...စားချင်စားလိုက်"
သူခိုးလေးကနေ့တိုင်းအုပ်စောင်းမှာကပ်ပေးထားခဲ့တဲ့ စာထဲကအတိုင်းသူ့ကိုပြောလာသည်။သူ့ထက်အကြီးကိုရိုရိုသေသေလည်းမရှိ။ဆုံးမချင်ပေမယ့်လည်း အမောဖြေနေတာမို့ဒီတစ်ခေါက်တော့ကျော်သွားပေးလိုက်မယ်။
"ကျုပ်သွားပြီ"
ဂျောင်ကုကထယ်ယောင်းကို အသိပေးပြီးအပြင်သွားရန်ဖိနပ်စီးသည်။
"မင်းဘယ်သွားမလို့လဲ"
အိမ်ကြီးရှင်ကသူ့ကိုယ်သူစပ်စုတတ်တယ်လို့ ဝန်ခံထားတဲ့အတိုင်းတစ်ကယ်စပ်စုသည်။စပ်စုတတ်လည်းတော်ရုံစပ်စုတာပဲကောင်းသည်။ခုတော့အကုန်သိချင်နေတော့တာ။