"ဂျောင်ဆိုး...နင့်သားသတင်းကြားပြီးပြီလား"
နွားခြံကိုသန့်ရှင်းရေးလုပ်နေတုန်း ရွာထဲကစပ်စုစိန်သူငယ်ချင်းမဟယ်ဆွန်းရောက်လာတာကြောင့် သက်ပျင်းချမိသည်။သားအကြောင်းကိုအမြဲစုံစမ်းနေတာမို့ အကုန်သိနေသော်လည်းမသိချင်ယောင်ဆောင်ပြီး နားထောင်ရဦးမည်။
"နင့်သားက...ကျောင်းပြောင်းလက်မှတ်ယူသွားတယ်တဲ့...နင်လိုက်ခေါ်သင့်နေပြီနော်"
"တားမရလို့ထွက်သွားတာပဲ...ပြန်ချင်ရင်ပြန်လာမှာပေါ့"
"နင်တို့သားအဖနှစ်ယောက်ကလည်းဟယ်...ပြေးကြည့်မှနှစ်ယောက်တည်းရှိတာကို...ဒါနဲ့ဂျောင်ကုအမေဟေဆိုးကရော ဂျောင်ကုကိုခေါ်......"
ဟေးဆိုးနာမည်ကြားတာနဲ့ ဂျောင်ဆိုးမျက်နှာကပျက်ခနဲ။ထိန်းမရတဲ့ပါးစပ်ကပြောထွက်ပြီးခါမှ မနည်းပြန်ပိတ်ရတော့သည်။ငါ့ပါးစပ်ကလည်းလေ အမှတ်ကိုမရှိတာ။
"အာ...ငါမေ့နေတာသူငယ်ချင်းရေ...ဒီနေ့စတော်ဘယ်ရီနှစ်ခင်းယူမယ်ပြောထားတာ...ပြန်ပြီနော်"
စပ်စုစိန်အဒေါ်ကြီးဟယ်ဆွန်းမှာ ပြောမိပြောရာပြောခဲ့ပြီး မြန်မြန်ပြန်လာခဲ့ရသည်။နောက်မို့ဆို သူမသူငယ်ချင်းဂျောင်ဆိုးက နွားချေးကျုံးနေတဲ့ပေါက်ပြားနဲ့ လိုက်ရိုက်တော့မှာ။
ဥစ္စာပေါ ရုပ်ချောသူ့သူငယ်ချင်းဂျွန်ဂျောင်ဆိုးကို သားတစ်ယောက်နဲ့ထားသွားတဲ့ ဟိုကောင်မရှင်းဟေဆိုးကိုလည်း နားမလည်နိုင်ဘူး။ငယ်ငယ်ကငါလိုက်ပိုးတုန်းကသာ ဒင်းမူမနေရင် ခုလိုဖြစ်မှာမဟုတ်ဘူး။ခုတော့ ရွာကျော်ပြီးမြို့သူနဲ့ယူတာ ခံပေါ့။မသနားဘူး။
.
."သားရေ!!!...ထတော့လေ!!!"
လော်စပီကာဆယ်လုံးလောက်ကို အလုံးလိုက်မျိုချထားသလိုအသံပြဲကြီးဖြင့်နှိုးတဲ့အမေကြောင့် ထယ်ယောင်းရောဂျောင်ကုပါလန့်နိုးသွားတော့သည်။
နှစ်ယောက်သားအိပ်ချင်မူးတူးဖြင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိတော့ ပူးကပ်နေတဲ့ခန္ဓါကိုယ်တွေနဲ့အချင်းချင်းဖက်တွယ်ထားတဲ့လက်တွေကြောင့် မျက်လုံးတွေပြူးသွားရတော့သည်။