"ကျုပ်...ခင်ဗျားကိုချစ်တယ် ကင်မ်ထယ်ယောင်း"
အနူးညံ့ဆုံးအသံဖြင့်ဝန်ခံလိုက်တဲ့ဂျောင်ကုစကားသံလေးအဆုံးမှာ ထယ်ယောင်းမျက်ဝန်းလေးတွေဝိုင်းစက်သွားတော့သည်။
"မင်း...မင်းငါ့ကိုချစ်တယ်လို့ပြောလိုက်တာလား"
အိမ်ကြီးရှင်က ကျုပ်ပြောလိုက်တာကိုယုံပုံမပေါ်...မျက်လုံးပြူးပြူးလေးနဲ့ထပ်မေးလာသည်။
"အင်း...ကျုပ်ခင်ဗျားကိုအရမ်းချစ်တယ်...ချစ်နေတာလည်းကြာပြီ...ကျုပ်လောက်လည်းဘယ်သူမှ..ခင်ဗျားအပေါ်ချစ်ပေးနိုင်မှာမဟုတ်ဘူး...ဒါကြောင့်ကျုပ်ကိုပဲချစ်...ချစ်တယ်လို့အဖြေပြန်ပေး"
ထယ်ယောင်းမှာ မျက်နှာတစ်ခုလုံးရဲတက်လာပြီး ကိုယ့်နားကိုယ်မယုံနိုင်။ဂျောင်ကုလေးက သူ့ကိုချစ်နေတာတဲ့လား?ပြီးတော့ ချစ်တာမှအရမ်းချစ်တာတဲ့။ထိုစကားကြောင့်ရင်ဘတ်ထဲမှာ ကွင်းပြင်မှာဆင်လိုက်ခံရသလို တဒုန်းဒုန်းဖြစ်လာသည်။
"ကျုပ်ကိုချစ်တယ်လို့အဖြေပေးလေ"
သောက်ကျိုးနည်းအဖြေတောင်းမှုကြီးကြောင့် သူ့မှာပြန်ပြောဖို့တောင်စကားစရှာမတွေ့။အခုဖွင့်ပြော..အခုချစ်တယ်လို့အဖြေပြန်ပေးရအောင် ဒင်းကငါ့ခံစားချက်ကိုနည်းနည်းတောင်ထည့်မတွက်ဘူးပေါ့။
"ကျုပ်ကိုဖြေလေဗျာ"
"ငါ...ငါမသိဘူး"
ထယ်ယောင်းကပြောပြီးတာနဲ့ ကားပေါ်ပြေးတက်သွားတော့သည်။သူ့မှာဂျောင်ကုလေးရှေ့အပျိုဖြန်းလေးလို ရှက်နေမိတာဘယ်လောက်ရှက်ဖို့ကောင်းလိုက်သလဲ?ဒင်းကိုလည်း ဘယ်သူကဒီလိုရည်းစားစကားပြောရတယ်လို့ သင်ထားသလဲ?အလိုက်ကန်းဆိုးမသိတဲ့ဟာလေး။
ဂျောင်ကုကတော့ ရှက်သွားတဲ့ထယ်ယောင်းကြောင့် တစ်ချက်ပြုံး၍ ကားပေါ်တက်လိုက်သည်။
"ဒီနေ့မပြောလည်းရတယ်...မနက်ဖြန်မနက်ကျရင်တော့ပြောရမယ်...အဖြေကသေချာပေါက်ချစ်တယ်ဆိုတာပဲနော်"