ဂျောင်ကု စာလုပ်နေသော်လည်း စိတ်အခြေအနေကတော့လုံးဝမကောင်းပေ။မိမိအရူးအမူးလိုက်ရှာနေရတဲ့အမေက အဖေနဲ့တရားဝင်ကွာရှင်းပြီး နောက်အိမ်ထောင်ရှိနေတာကိုပူပူနွေးနွေးသိလိုက်ရတာ ဘယ်စိတ်နဲ့များဖြေသိမ့်ရမှာလဲ?သူ့မှာအသိတစ်ယောက်တောင်မရှိပဲ အဖေ့ကိုကလန်ကဆန်လုပ်ပြီး ဆိုးလ်ကိုတက်လာခဲ့တာကအမေဖြစ်သူကိုလာရှာချင်လို့သာ။ဆိုးလ်ရောက်ရောက်ချင်း ပါလာသမျှပိုက်ဆံတွေအကုန်အလိမ်ခံလိုက်ရပြီး လမ်းဘေးရောက်သွားလည်းအမေ့ကိုဆက်ရှာဖို့အတွေးပဲရှိခဲ့တာ။ပြန်တွေ့မယ့်တွေ့တော့လည်း ရင်ကိုအစိမ်းလိုက်အခွဲခံရတော့တာ။သူ့စိတ်ကူးထဲကအတိုင်း အမေ့လက်ကိုဆွဲပြီးအိမ်ပြန်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးပဲ။
ဂျောင်ကု ထိုအတွေးနဲ့အတူစာအုပ်တွေပေါ်မျက်နှာအပ်ရင်း ငိုမိတော့သည်။အမေတစ်ယောက်လုံးရှိနေရဲ့သားနဲ့ သူစိမ်းတွေလိုနေသွားရတော့မှာကို တွေးမိလိုက်တာနဲ့တင်အသက်ရှုကျပ်ရသည်။ကိုယ့်ဗိုက်နဲ့လွယ်မွေးထားတဲ့သားအရင်းကိုတော့ပစ်ပြီး နောက်ယောကျာ်းဘက်ကပါလာတဲ့သားကိုတော့ သဲသဲလှုပ်ပြနေတာ ဘယ်လောက်ရင်နာဖို့ကောင်းလိုက်လဲ?
တစ်သက်လုံးကျွေးမွေးပြုစုစောင့်ရှောက်ပေးခဲ့တဲ့အမေဆီကနေ နင့်ကိုမလွှဲသာလို့တာဝန်ယူရတာဆိုတဲ့စကားကြီးကရော သားတစ်ယောက်ဖြစ်တဲ့သူ့ကိုဘယ်လောက်နာကျင်စေလဲဆိုတာ အမေသိဖို့သိပ်ကောင်းပါတယ်။အခုမှအမေ့ဘဝကလွတ်လပ်သွားတာတဲ့...ဒါဆိုကျုပ်ဘဝကရော။တစ်ကိုယ်ကောင်းဆန်ပါရစေတဲ့...ဒါဆိုသားဖြစ်တဲ့ကျုပ်ခံစားချက်တွေကျတော့ရော။လျစ်လျူရှုပြီးတစ်ကိုယ်ကောင်းဆန်ဆန်ရွေးချယ်သွားတဲ့ အမေ့ကိုနားမလည်နိုင်ပေမယ့် အပြစ်တော့မတင်တော့ပါဘူး။ဒါကလက်ခံရမယ့်အရာမလား?
ထယ်ယောင်း ဝမ်းနည်းနေတဲ့ဂျောင်ကုကိုဟင်းမချက်ခိုင်းပဲ သူ့ဘာသာချက်ပြုတ်ပြင်ဆင်နေသည်။ဂျောင်ကုလေးလက်ရာလောက်မကောင်းသော်လည်း သူအတတ်နိုင်ဆုံးချက်ထားသည်မို့ အဆင်ပြေမှာပါ။စာမေးပွဲအရမ်းနီးကပ်နေတာမို့ ဟိုးနေ့ကစားသောက်ဆိုင်ကကိစ္စကို သူ့မှာသေချာနှစ်သိမ့်ပေးပြီးစာကိုပဲ ခေါင်းထဲထည့်ထားဖို့မနည်းနာချထားရတာ။