6

3.6K 253 4
                                    

"ဒီ​နေ့မနက်စာကဘာလဲ"

အဖြူ​ရောင်ရှပ်နဲ့စတိုင်လ်ပန့်အသား​ရောင်ကို ဝတ်ဆင်ပြီးလက်ဆွဲအိတ်အညို​လေးကိုကိုင်၍ ထမင်းစားပွဲနားသို့လာစပ်စုတဲ့အိမ်ကြီးရှင်။

"ထမင်းနဲ့ဟင်း"

ကြက်ဥလိပ်​ကြော်ရင်း​ပြောပြ​တော့ ​ဟင်းချိုအိုးကိုတံ​တွေးမြိုချရင်းကြည့်ပြီး​ခေါင်းညိတ်ပြသည်။သူတဖြည်းဖြည်းသိလာရတာက အိမ်ကြီးရှင်မှာက​လေးဆန်တဲ့အမူအရာ​​တွေရှိတာကိုပင်။

"မင်း​ကြောင့်ငါ​ပေါင်မုန့်နဲ့နွားနို့မ​သောက်တာ​တောင်ကြာပြီပဲ"

"​​အဲ့ဒါ​တွေစားချင်လည်း​စား...ဒါ​တွေကျုပ်​စားလိုက်မယ်"

"မင်းကိုမစားဘူး​ပြောမိလို့လား"

ကိုယ့်ပါးစပ်နဲ့ကိုယ်​​ပြောမိတာ​တောင် ဒင်းကအထအ​နလိုက်​ကောက်​နေတာ။​ငါ့ဟာငါဘာ​ပြော​ပြော​ပေါ့။

"မသိဘူး​လေ..ခင်ဗျားက​ပေါင်မုန့်နဲ့နွားနို့မ​သောက်ရတာကြာပြီဆို​တော့"

"မြန်မြန်​ကြော်...ငါဗိုက်ဆာ​နေပြီ...​နှေးတိ​နှေးတုံ့နဲ့"

​ဗျစ်​တောက်ဗျစ်​တောက်​ပြောပြီးခုံမှာဝင်ထိုင်တဲ့ ထယ်​ယောင်းကတစ်ကယ်က​လေးဆန်သည်။ဒါကိုပဲ ​ဂျောင်ကုကကြည့်ပြီးခေါင်းခါကာရယ်၍ ကြက်ဥလိပ်​ကြော်ကိုပန်းကန်ထဲ​သေချာထည့်ပြီး တစ်ကိုက်စာအရွယ်လှီးလိုက်သည်။အရံဟင်း​တွေနဲ့ ပဲငပိဟင်းချိုကိုအိုး​ပေါ်ကချပြီးမှာ​​တော့ မနက်စာ​လေးကရိုးရိုးရှင်းရှင်းနဲ့ပြီးသွားပြီဖြစ်သည်။

စားပွဲ​​ပေါ် စားစရာ​​တွေ​​ရောက်တာနဲ့ထယ်​ယောင်းက မျက်လုံး​လေးမှိတ်၊လက်အုပ်​လေးချီကာဆု​တောင်းသည်။
​ဂျောင်ကုကဆု​တောင်း​နေတဲ့ ထယ်​ယောင်းကိုကြည့်​နေပြီးတူတူစားဖို့​စောင့်​​ပေးသည်။ဒီအပြုအမူ​​လေး​တွေက သူတို့နှစ်​ယောက်လုံးထမင်းစားတိုင်းလုပ်​နေကျအပြုအမူ​လေး​တွေပင်။

"အရသာရှိရှိစားပါ့မယ် သူခိုး...ဟီး...​ဂျောင်ကု​လေး"

အကျင့်ပါ​နေတဲ့ပါးစပ်ကိုမြန်မြန်ဘရိတ်အုပ်ရင်း မျက်လုံး​လေးလှန်ကြည့်​တော့ သူ့ကိုစိုက်​ကြည့်​နေတဲ့​ဂျောင်ကု။သူလည်းဒီအကျင့်ကိုပြင်မှပဲ ဘယ်သူကနာမည်အစားသူခိုး​လေးလို့​ခေါ်တာကိုကြိုက်မှာလဲ?သူ့ပါးစပ်ကိုလည်းထိန်းဦးမှပါပဲ။

Touch Your Heart(completed)Where stories live. Discover now