"ဂျွန်ဂျောင်ကုအုပ်ထိန်းသူ...ကင်မ်ထယ်ယောင်းဆိုတာငါပဲ...ဂျောင်ကုရော"
ဆိုင်ထဲဝင်ဝင်ချင်းဒေါနဲ့မောနဲ့ပြောလာတဲ့ထယ်ယောင်းက
ချွေးတရွှဲရွှဲဖြစ်နေသည်။ဆိုင်ထဲကစားသုံးသူတွေကို ဂရုမစိုက်စွာအော်ငေါက်ပြောတာက ကျောင်းဆရာဆိုတဲ့လေသံအတိုင်းပင်။"သူဌေးကရုံးခန်းထဲမှာပါ...လိုက်ခဲ့ပါ"
ဝန်ထမ်းကောင်လေးတစ်ယောက်က ကုပ်ကုပ်နဲ့အနားသို့ကပ်၍ပြောလာတော့ လမ်းပြဆိုတဲ့သဘောဖြင့်မေးဆတ်ပြလိုက်သည်။
ဝန်ထမ်းကောင်လေးနောက်လိုက်လာတော့ ရုံးခန်းဆိုတဲ့အခန်းကျဥ်းကိုရောက်လာသည်။အခန်းထဲရောက်တော့ လက်လေးပိုက်ကာ ခေါင်းငုံ့နေတဲ့သူခိုးလေးကိုတွေ့ရသည်။
သနားဖို့ကောင်းတဲ့ပုံစံလေးကြောင့် ဒေါသကပိုထွက်လာသည်။"ဂျောင်ကု"
သူခေါ်တော့မော့ကြည့်လာတဲ့ သူခိုးလေးကမျက်လုံးဝိုင်းဝိုင်းလေးတွေမှာ အားငယ်မှုတွေအထင်းသား။
"အုပ်ထိန်းသူဆိုတာလား"
"ဟုတ်တယ်"
တရုတ်လူမျိုးပုံစံပေါက်တဲ့ဗိုက်ရွှဲရွှဲနဲ့လူက သွားဝါဝါတွေကိုသွားကြားထိုးတံနဲ့ထိုးပြီးမေးလာတော့ မျက်နှာထားကိုတင်းလိုက်ပြီး ဘုဆတ်ဆတ်သာဖြေလိုက်သည်။
"အုပ်ထိန်းသူဆိုတော့လိုရင်းပဲပြောမယ်...နေ့လည်ကငါ့အခန်းထဲကပိုက်ဆံပျောက်သွားတယ်...သူကလွဲပြီးကျန်တဲ့ဝန်ထမ်းတွေက ငါ့ဆိုင်မှာလုပ်တာကြာလှပြီ...တစ်ခါမှခုလိုမဖြစ်ဖူးဘူး...အဲ့တော့ခိုးမယ့်သူကဒီကောင်လေးပဲရှိတယ်"
ထယ်ယောင်း မျက်ခုံးတေ့ကိုထိလုမတတ်ကျုံ့ရင်း ဆိုင်ရှင်ပြောသမျှကိုနားထောင်နေလိုက်သည်။ပြောစမ်း...ပြောလို့ပြီးတာနဲ့ တရားစွဲပစ်မှာ။သူ့သူခိုးလေးကခိုးမှာမဟုတ်ဘူးဆိုတာ သူကောင်းကောင်းသိတာပေါ့။ခိုးချင်ရင် သူ့အိမ်ကပစ္စည်းတွေပြောင်နေပြီ။
"ခင်ဗျားမှာသက်သေရှိလား"
သူပြန်မေးတော့ ထိုဗိုက်ရွှဲရွှဲဆိုင်ပိုင်ရှင်က ဂျောင်ကုကိုလက်ညှိုးထိုးပြပြီး