8

3.8K 261 16
                                    

"အဲ့​တော့...ဒါကဒီလစာ​ပေါ့"

စားပွဲ​​ပေါ်ကစာအိတ်အဖြူ​လေးကို ​မေး​ငေါ့ပြရင်း​မေးလိုက်​တော့ သူခိုး​လေးက​ခေါင်းညိတ်ပြသည်။အင်းမ်...သူလည်းသူခိုး​လေးလို့​ခေါ်​နေတာကိုရပ်မှပဲ။သူခိုး​လေးလို့ထွက်ခါနီးမှပါးစပ်ကလိုက်ထိန်း​နေရတာ သိပ်အဆင်မ​​ပြေဘူး။

"နေထိုင်စရိတ်နဲ့စားစရိတ်က..ခင်ဗျား​ပြောထားတဲ့အတိုင်း6သိန်း...အ​ကြွေးဆပ်တာက7​သောင်း...​နောက်လကျရင်ဒီထက်ပို​ပေးမယ်"

​ဂျောင်ကုအ​ပြော​ကြောင့် ထယ်​ယောင်းသက်ပျင်းချလိုက်သည်။​ကျောင်းတက်လို့​ပြောထားတာကို ဒင်းကအဆုံးထိဆန္ဒပြမယ့်ပုံ။

"7​သောင်းဆို​တော့...4သိန်း3​သောင်းကျန်​သေးတာပဲ...ဒီပုံစံနဲ့ဆို​​တော်​တော်ကြာမယ်ထင်တယ်"

တမင်ငြူစူပြီး​ မျက်နှာမဲ့ကာပြောလိုက်​တော့

"ကျုပ်မြန်မြန်ဆပ်ပါ့မယ်"

"မလိုဘူး"

သူ​ပြော​တော့ ​သူခိုး...အာ...​ဂျောင်ကုကမျက်ခုံးကျုံ့ပြီး
ကြည့်လာသည်။

"​ကျောင်းပြန်တက်ဖို့ပြင်ထား...ငါမင်းအရွယ်တုန်းက​ကျောင်းမှာစာလုပ်​နေတာ"

"ကျုပ်မတက်ဘူးလို့​ပြောထားတယ်​လေ"

"မင်း​ကောင်းဖို့​ပြော​နေတာ...​သေချာစဥ်းစား...မနက်ကျရင်အ​ဖြေ​ပြော"

"ကျုပ်အ​ဖြေကမ​ပြောင်းဘူး"

"အဲ့ဒါဆိုအိမ်​ပေါ်ကဆင်း!!"

ထယ်​ယောင်းခပ်ပြတ်ပြတ်​ပြောရင်း အခန်းထဲသို့ဝင်လိုက်သည်။အခန်းထဲ​ရောက်မှ

"​တော်​တော်လျှာရှည်တဲ့ဟာ​လေး..ဒါနဲ့...ခုနကငါ​ပြောလိုက်တဲ့ပုံစံကလုံးဝမိုက်တယ်...​သေချာစဥ်းစား..မနက်ကျရင်အ​ဖြေပြန်​ပေး...ဝိုး...ငါကရုပ်​ချောတာတင်မက...သရုပ်​​ဆောင်လည်းကောင်းလှချည်လား...ဟီးဟီး"

ထယ်​ယောင်းခဗျာ က​လေးတစ်​ယောက်လိုဟိတ်ဟန်အ
ပြည့်ဖြင့် ကိုယ်လုံး​ပေါ်မှန်​ရှေ့မှာခါး​ထောက်ရင်း ခုနက​ဂျောင်ကုကို​ပြောခဲ့တဲ့စကား​တွေကိုပြန်​ပြောရင်း တစ်​ယောက်တည်းဟီးဟီးဟားဟားလုပ်​နေသည်။

Touch Your Heart(completed)Where stories live. Discover now