ထယ်ယောင်းကျောင်းသွားဖို့ အဝတ်အစားလဲနေရင်း မျက်နှာကိုလက်နဲ့ပွတ်၍ သက်ပျင်းချနေသည်။မနေ့ညနေကအဖြစ်အပျက်က ခေါင်းထဲကမထွက်ပဲ ထပ်တလဲလဲဒါကိုပဲမြင်ယောင်နေသည်။
မောင့်ရှေ့မှာ ကိုယ်လုံးတီးကြီးနဲ့..အား!!!။ပြန်တွေးမိတာနဲ့တင် ရှက်ဖို့သေအောင်ကောင်းနေတာမို့ ကိုယ့်ဆံပင်ကိုယ်ပြန်ဆွဲမိသည်။ဘာလို့မောင့်ရှေ့မှာမှ အချိန်ကိုက်ကျွတ်ကျရလဲ?ဘာလို့လဲ?ခုတော့ မောင်ကအကုန်မြင်သွားပြီ။မနေ့တစ်နေ့လုံး အဲ့ကိစ္စနဲ့ပဲရှက်လွန်းလို့ ညစာတောင်ထွက်မစားနိုင်ဘူး။မောင်ကတံခါးအပြင်ကနေ 'သူဘာမှမမြင်လိုက်ပါဘူး' ဆိုပြီးအတင်းနားချသေးသော်လည်း လိမ်နေတာအသိသာကြီးမို့ အိပ်ချင်နေလို့အကြောင်းပြပြီးပဲ အခန်းထဲမှာခွေနေခဲ့တာ။
ဒီနေ့လည်းအမှန်တော့ ကျောင်းနားချင်ပေမယ့် အစည်းအဝေးရှိတာမို့ မသွားလို့ကမဖြစ်။
သောက်အစည်းအဝေးကလည်း တစ်လကိုဆယ့်ငါးခါလောက်လုပ်နေတာ...ယီးလိုပဲ။
ဒီလိုနဲ့ပဲမရှိ ရှိတဲ့အားတွေဆွဲထုတ်ပြီးတော့ လက်ဆွဲအိတ်ဆွဲ၍အပြင်ထွက်လာလိုက်သည်။ရှောင်နေလည်း ပြီးမယ့်ကိစ္စမှမဟုတ်ပဲလေ။
"ကိုကို...မနက်စာစား...."
"ဟို...ကျောင်းမှာအစည်းအဝေးရှိလို့...ဒီနေ့တော့တက်စီနဲ့ကျောင်းသွားလိုက်နော်"
ဂျောင်ကုစကားတောင်မဆုံးသေး...ထယ်ယောင်းကမျက်နှာချင်းတောင်မဆိုင်ပဲ ကြားဖြတ်ပြော၍အလောတကြီးသွားသည်။မျက်နှာရဲပြီးရှက်နေတဲ့ထယ်ယောင်းကြောင့် ဂျောင်ကုလည်းအတင်းအကျပ်မလုပ်တော့ပဲ ပြုံးဆဆနဲ့သာလုပ်ထားတဲ့မနက်စာတွေကို ရေခဲသေတ္တာထဲပြန်ထည့်၍ ကျောင်းသွားဖို့ပြင်ဆင်နေလိုက်သည်။ညနေကျရင်တော့ ကိုကိုလာကြိုမှာပဲ..အဲ့ကျမှ မရှက်ဖို့အတင်းဖိအားပေးရမယ်။
.
.
.ထယ်ယောင်း ကျောင်းကိုရောက်တော့ 8နာရီခွဲသာရှိသေးသည်။10နာရီမှစမယ့်အစည်းအဝေးကြောင့် အလုပ်စားပွဲမှာထိုင်ရင်း မနေ့ကစစ်ထားတဲ့စာမေးပွဲအဖြေလွှာတွေကို စစ်နေလိုက်သည်။အဖြေလွှာမှာပဲစိတ်နှစ်ထားသော်လည်း ပြန်မြင်ယောင်လာတဲ့ပုံရိပ်ကြောင့် ဘောပင်ကိုပစ်ချရင်း သက်ပျင်းချမိပြန်သည်။ယောကျာ်းလေးအချင်းချင်းမို့ ဘာမှမဖြစ်ဘူးဆိုပေမယ့်လည်း မောင်ကသူ့ရည်းစားလေ။သူစိမ်းမှမဟုတ်တာ...အဲ့ဒါကိုသူ့ရဲ့ချစ်စရာဖွားဖက်တော်လေးကိုမြင်သွားတာ။ဘယ်လိုလုပ်ရပါ့မလဲ?ရှက်လို့သေတော့မှာပဲ။