"ခဏနေဆရာမရှင်းရောက်တော့မှာနော်...စာတွေပြီးပြီလား"
"အင်း"
ခုဆိုဂျောင်ကုက တစ်နေကုန်စာလုပ်ရသည့်ကျောင်းသားတစ်ဦးဖြစ်လာတော့သည်။ဒီပြင့်ကျောင်းသားတွေထက် စာလေ့လာချိန်3လလောက်နောက်ကျနေတာမို့ ထယ်ယောင်းကစိုးရိမ်လွန်ပြီး မနက်ခင်းအချိန်ပိုင်းပင်ပေးမလုပ်တော့။
တစ်နေ့ကုန်စာအုပ်တဲ့မျက်နှာမခွာခိုင်းပဲ ကျောင်းဆရာဆိုတဲ့အတိုင်းပူညံပူညံလုပ်တတ်သည်။ဆိုးလ်တက္ကသိုလ်ကျောင်းဆင်းဟိုက်ပါကြီးဖြစ်သည့် ထယ်ယောင်းကဘာသာစုံအကုန်သင်ပေးနိုင်သော်လည်း အချိန်မပေးနိုင်တာကြောင့် ဂျောင်ကုကိုbrightမှာပဲmath ၊ english ၊ physicနဲ့ scienceအတန်းကိုတက်ခိုင်းပြီး ကျန်တဲ့ကိုရီးယားဘာသာ၊သမိုင်းနဲ့လူမှုရေးကိုတော့ ကိုယ်တိုင်အိမ်မှာသင်ပေးသည်။သင်္ချာကခက်တဲ့ထဲပါတာမို့ ဂျောင်ကုကအဆင်ပြေတယ်ဆိုတာတောင် ထယ်ယောင်းကဆရာမရှင်းကိုအကူညီတောင်း၍ပိတ်ရက်မှာအိမ်သို့လာသင်ခိုင်းသည်။ဂျောင်ကုမှာဆရာမရှင်းနဲ့မသင်ချင်သော်လည်း ငြင်းလို့မရတာကြောင့်ကျောင်းမှာတွေ့ရတဲ့အပြင်ပိတ်ရက်တိုင်းလည်း အိမ်မှာတွေ့ရသည်။
'တီးတောင်'
"ဟော...ရောက်လာပြီထင်တယ်...သွားကြိုလိုက်ဦး"
ထယ်ယောင်းပြောတော့ ဂျောင်ကုကမသွားချင်သွားချင်နဲ့ထသွားသည်။
"ဆရာကင်မ်...အော်...ဂျောင်ကုပါလား"
တံခါးဖွင့်ဖွင့်ချင်းဆရာကင်မ်မျက်နှာလေးကို တွေ့ရမယ်ထင်ထားသော်လည်း ဆူပုပ်ပုပ်မျက်နှာနဲ့ဂျောင်ကုကိုတွေ့လိုက်ရတော့ ဆရာမရှင်းမျက်နှာကသိပ်မပြုံးနိုင်တော့ပေ။
ဆရာမရှင်းလက်ထဲမှာပါလာတဲ့စာအုပ်အိတ်ကို ဂျောင်ကုကသယ်ပေးတော့ ဆရာမရှင်းကတစ်ချက်ပြုံးပြပြီးအိမ်ထဲသို့ဝင်သွားသည်။
ဒီဆရာမကသူ့ကိုစာသင်ပေးချင်တာနည်းနည်း အိမ်ကြီးရှင်မျက်နှာကိုမြင်ချင်တာကများများ။ဟူး...ပိတ်ရက်ရောက်တိုင်းဒီကိစ္စနဲ့ပဲအမြဲစိတ်ရှုပ်ရတယ်။