"ကျုပ်ကိုပေး...ခင်ဗျားလက်နာမယ်"
ကျောင်းကအပြန် စျေးဝင်ဝယ်လာတာမို့နှစ်ယောက်လုံးရဲ့လက်ထဲမှာ စျေးဝယ်အိတ်တွေအပြည့်ဖြစ်သည်။ဂျောင်ကုလက်ထဲမှာသုံးအိတ်လောက်ဆွဲထားသော်လည်း ထယ်ယောင်းလက်ထဲမှာတော့ မုန့်တွေပါသောအထုပ်ငယ်လေးတစ်ခုသာ။
"အိတ်ကပေါ့ပေါ့လေးပါ ဂျောင်ကုလေးရာ"
"ပေးဆိုပေးပေါ့"
"ဟော..."
သူ့လက်ထဲကအထုပ်ကို ဆတ်ခနဲဆွဲယူပြီးရှေ့ကနေစိတ်ကောက်ကာလျှောက်သွားတဲ့ ဟာလေးနောက်ကိုမြန်မြန်ပြေးလိုက်ရတော့သည်။ဒီကလေးက သူ့ကိုတစ်နေ့တစ်ခြားဂရုစိုက်လွန်းလို့နေတောင်မနေတတ်တော့ပေ။
ကျွန်တော်ကလည်းကလည်းပါးစပ်ကသာ မကြိုက်ကြောင်းပြောနေတာ။အဲ့လိုဂရုစိုက်မှုတွေကိုကြိုက်လိုက်တာမှ တစ်ဖက်ကမ်းကုန်ပဲ။ကိုယ့်အပေါ်လက်သာတဲ့လူကို ကြိုက်တာဆန်းလား?
"စိတ်ကောက်သွားတာလား"
"ကျုပ်လိုလူကလား"
နောက်ကပြေးလိုက်ပြီး ကိုယ့်ကိုရို့ကာမျက်နှာနားသို့ကပ်ကာမေးတော့ မျက်စောင်းထိုးတာခံလိုက်ရသည်။ဒါကိုဒီကောင်လေးက စိတ်မကောက်ပါဘူးတဲ့။
"စာလိုက်နိုင်ရဲ့လား ဂျောင်ကုလေး"
"ခင်ဗျားသိရဲ့သားနဲ့"
"မင်းပါးစပ်ကဖြေတာကြားချင်လို့ပေါ့ကွာ"
"လိုက်နိုင်တယ်"
"ဒီတစ်ခေါက်ဖြေတာ ဘယ်ဘာသာတွေအမှတ်အများဆုံးလဲ"
ကလေးတစ်ယောက်လို စကားကိုအသံရှည်ဆွဲကာမြှင့်ပြီးပြောလာတဲ့လူကြောင့် မျက်လုံးတွေမှိတ်ကျသွားတဲ့ထိရယ်လိုက်မိသည်။
ဒီလောက်ချစ်ဖို့ကောင်းနေရင် ခက်ရချည့်ရဲ့လား...ခင်ဗျားရယ်။
"ကိုရီးယား...သမိုင်း...လူမှုရေး"
"အဲ့ဒါဘယ်သူသင်ပေးတာလဲ"
တွေ့လား?စကားကိုချစ်ဖို့ကောင်းအောင်ပြောနေတာ။
"ဟာဗျာ...ခင်ဗျားလေ"