ထယ်ယောင်းတစ်ယောက် မနက်အစောကြီးထ၍ရပ်ကွက်ထဲကကားပါကင်သို့ တိတ်တိတ်လေးထွက်လာခဲ့သည်။မနေ့ကဝယ်ထားတဲ့ အသစ်စက်စက်hyundaiကားသစ်လေးကို ဂျောင်ကုအားစပရိုက်တိုက်ဖို့ပင်။လမ်းလျှောက်ဖို့ခက်လောက်တဲ့အထိအေးနေသော်လည်း ထယ်ယောင်းကတော့တက်တက်ကြွကြွပင်ပျော်ရွှင်မြူးတူးနေသည်။
ဂျောင်ကုလေးအကြိုက်BMW အနက်ရောင်မဝယ်ပေးနိုင်သော်လည်း hyundaiအနက်ရောင်လေးတော့ ဝယ်ပေးနိုင်ပါသေးတယ်။တစ်သက်လုံးဘတ်စ်ကားတိုးစီးတဲ့ကျွန်တော်က ခုတော့ကားဝယ်ခဲ့ပြီ။
ဂျောင်ကုကတော့ အိပ်ရာနိုးတာနဲ့ အိမ်သန့်ရှင်းရေးလုပ်ပြီးမျက်နှာသစ်သွားတိုက်၍ မနက်စာနှင့်ထမင်းဘူးအတွက်ပြင်ဆင်သည်။ဆောင်းတွင်မှာတော့ အိမ်ကြီးရှင်ကထမပြေးတတ်တာကြောင့် 7နာရီအကျော်လောက်မှနှိုးရမည်။
မီးဖိုချောင်ထဲကဂျောင်ကုက သီချင်းလေးညည်း၍ ချက်ပြုတ်နေတုန်း ထယ်ယောင်းကတော့ကားကိုဖြေးဖြေးချင်းမောင်း၍ခြံရှေ့မှာရပ်ပြီး ပြတင်းပေါက်ကနေကျော်ခွ၍ဝင်ရင်း အိပ်ချင်ယောင်ဆောင်နေသည်။သို့သော် တော်တော်နဲ့လာမနှိုးတဲ့ဂျောင်ကုကြောင့် အိပ်ချင်ယောင်ဆောင်နေရင်း တစ်ကယ်အိပ်ပျော်သွားသည်။
'ဒေါက်...ဒေါက်'
"မနက်စာစားလို့ရပြီ"
တံခါးခေါက်၍အသိပေးသော်လည်း ပြန်ထူးသံမကြားတာကြောင့် တံခါးကိုအသာဖွင့်ကြည့်တော့ စောင်တစ်ခြားလူတစ်ခြားအိပ်ပျော်နေတဲ့အိမ်ကြီးရှင်ကြောင့် ကုတင်အောက်ပုံကျနေတဲ့စောင်ကိုကောက်၍ နှိုးဖို့ပြင်ရတော့သည်။အိမ်ကြီးရှင်အမေပြောသွားသလိုပင် အိမ်ကြီးရှင်ကနောက်ပိုင်းမှာအိပ်ပုပ်ကြီးလာသည်။
"မနက်စာရပြီ...ထတော့"
နှိုးသော်လည်း အင့်အဲသာလုပ်ပြီး မျက်လုံးကတော့ပွင့်မလာပေ။အိပ်နေတဲ့အချိန်တောင်ချစ်ဖို့ကောင်းတာ ဒီလူတစ်ယောက်ပဲရှိမည်။ပုံမှန်ဆိုမသိသာပေမယ့် အိပ်နေတဲ့အချိန်နဲ့အစားစားချိန်ဆိုရင်တော့ နှုတ်ခမ်းကအတော်ထော်သည်။
ခုလည်းဆူထော်နေတဲ့နှုတ်ခမ်းနဲ့ ကွေးကွေးလေးအိပ်နေတဲ့ဒီလူကဘာလေးမှန်းမသိ...ဆွဲဆက်လုပ်ပစ်ချင်စရာလေးပင်။