𝐏𝐚𝐫𝐭.2

1.4K 133 10
                                    

Unicode

စားပွဲရှေ့မှာထိုင်လျက်ရှိနေတဲ့ဒေါ်သွန်းရွှေရည်ကမည်သည့်ဆူဆူညံညံအသံမျိုးကိုမှမကြားနိုင်စေရန်အခန်းတံခါးကိုပိတ်လို့ထားသည်၊အသံလုံခန်းဖြစ်တာမလို့တံခါးပိတ်ထားတဲ့အခါအခန်းထဲကအသံကိုအပြင်ကလုံးဝကြားရမည်မဟုတ်ပေ၊ဒေါ်‌သွန်းရွှေရည်ရဲ့နက်နဲသောမျက်ဝန်းအစုံက စားပွဲပေါ်မှာတင်ထားလျက်ရှိနေသောမွေးကင်းစကလေးနှစ်ယောက်ရဲ့ဓာတ်ပုံဆီမှာရှိနေ၏၊ထူးခြားတာတစ်ခုကထို‌ဓာတ်ပုံထဲကမွေးကင်းစကလေးနှစ်ယောက်မှာရုပ်ချင်းအင်မတန်တူတဲ့အမြွှာရင်သွေးလေတွေဖြစ်နေတာပင်။

ဒေါ်သွန်းရွှေရည်ရဲ့လက်ချောင်းလေးတွေကထိုဓာတ်ပုံလေးကိုအသာအယာထိတွေ့လိုက်ပြီးရင်ခွင်ထဲထည့်၍တင်းတင်းကျပ်ကျပ်ဖက်လို့ထား၏၊သေသောသူကြာရင်မေ့'ဆိုတဲ့စကားကဒေါ်သွန်းရွှေရည်နဲ့မသက်ဆိုင်တာသေချာသည်၊အခုထိအတိတ်ကိုလက်မလွှတ်နိုင်ခဲ့ချေ...သမီးငယ်လေးသာအသက်ရှင်နေသေးရင်အခုချိန်ဆိုဒေါ်သွန်းရွှေရည်တို့နဲ့အတူပျော်ပျော်ရွှင်ရွှင်နေ နေရမှာပင်၊လူတိုင်းမရနိုင်တဲ့အမြွှာရင်သွေးလေးကိုကိုယ်ဝန်ဆောင်နိုင်ခဲ့တဲ့မိန်းမဆိုပြီးသိပ်ကံကောင်းတယ်လို့အပြောခံခဲ့ရတဲ့ဒေါ်သွန်းရွှေရည်က မွေးကင်းစအရွယ်သမီးငယ်လေးကိုဆုံးရှုံးလိုက်ရသည်တဲ့လား၊ဒါကဘယ်လိုဝဋ်ကြွေးမျိုးလဲဆိုတာတော့..သူလဲမသိတော့ပေ။

အမြွှာသမီးလေးနှစ်ယောက်ရခဲ့ပြီးမှဒေါ်သွန်းရွှေရည်ရဲ့ပေါ့ဆမှုကြောင့်သမီးငယ်လေးက လောကကြီးထဲကနေအစောကြီးထွက်ခွာသွားခဲ့ရသည်၊ထိုနေ့ကိုဒေါ်သွန်းရွှေရည်ဘယ်တော့မှမေ့နိုင်မယ်မထင်တော့ပေ။

ပါးပြင်ပေါ်သို့မျက်ရည်စီးကြောင်းတစ်ခုကျဆင်းလို့လာခဲ့သည်၊မိခင်တစ်ယောက်ရဲ့ပြင်လို့မရတော့တဲ့နောင်တ တရားဆိုတာအင်မတန်ကြောက်ဖို့ကောင်းတဲ့အရာဖြစ်ခဲ့သည်။
.. ..
ကျောက်လမ်းအတိုင်းနင်းဖြတ်လာတဲ့ဖိနပ်အဖြူလေးကခြေလှမ်းတိုင်းကိုယုံကြည်မှုရှိရှိနဲ့လျှောက်လို့လာနေခဲ့ရင်းတစ်နေရာအရောက်မှာတော့ရပ်တန့်သွားခဲ့၏၊

အမြွှာဖူးစာ(Gl)Where stories live. Discover now